ေဆာ္ဒီ ပရိုလိဂ္ ကလပ္ အယ္လ္ နာဆာအသင္းက ဆာဒီယို မာေနး ကို ေခၚယူေၾကာင္း ေၾကညာ

ဩဂုတ္ ၂
ေဆာ္ဒီ ပရိုလိဂ္ ကလပ္ အယ္လ္ နာဆာအသင္းက ဘိုင္ယန္ျမဴးနစ္အသင္းရဲ့ ဆီနီေဂါ တိုက္စစ္ ကစားသမား ဆာဒီယို မာေနး (၃၁ ႏွစ္) အား ေျပာင္းေရႊ႕ေၾကး ေပါင္ (၂၄)သန္းနဲ႔ ၂၀၂၇ ခုႏွစ္အထိ သက္တမ္းရွိမည့္ (၄)ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေၾကာင္း တရားဝင္ ထုတ္ျပန္ ေၾကညာလိုက္ပါတယ္။
မာေနးက အယ္လ္ နာဆာအသင္းမွာ တစ္ပတ္ လုပ္ခ ေပါင္ (၆၅၀၀၀၀)အထိ ရရွိသြားမွာျဖစ္ၿပီး ေပါင္ (၃၄.၃၇)သန္း ကိုလည္း တစ္ႏွစ္ လုပ္ခအျဖစ္ ရရွိသြားပါမယ္။ ဒါက မာေနးကို အာဖရိကရဲ့ လုပ္ခ အမ်ားဆုံး ေဘာလုံးသမား တစ္ဦးပါ ျဖစ္ေစခဲ့သလို လက္ရွိ ကမၻာ့ လုပ္ခ အမ်ားဆုံး ေဘာလုံးသမားေတြထဲမွာလည္း တစ္ဦးအပါအဝင္ ျဖစ္လာေစပါတယ္။
ၿပီးခဲ့သည့္ရာသီကေပၚတူဂီဝါရင့္တိုက္စစ္မႉး စီေရာ္နယ္လ္ဒိုအား ေခၚယူထားသည့္ အယ္လ္နာဆာအသင္းဟာ ယခုအေျပာင္းအေရႊ႕ကာလအတြင္း ဘရိုဇိုဗစ္၊ အဲလက္စ္တဲလက္စ္၊ ဆီကိုဖိုဖာနာႏွင့္ မာေနးအစရွိသည့္ ဥေရာပအေျခစိုက္ နာမည္ေက်ာ္ကစားသမားမ်ားကိ ဆက္တိုက္ေခၚယူထားပါတယ္။
Photos: AlNassr

======================================

ဆော်ဒီ ပရိုလိဂ် ကလပ် အယ်လ် နာဆာအသင်းက ဆာဒီယို မာနေး ကို ခေါ်ယူကြောင်း ကြေညာ

ဩဂုတ် ၂

ဆော်ဒီ ပရိုလိဂ် ကလပ် အယ်လ် နာဆာအသင်းက ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဆီနီဂေါ တိုက်စစ် ကစားသမား ဆာဒီယို မာနေး (၃၁ နှစ်) အား ပြောင်းရွှေ့ကြေး ပေါင် (၂၄)သန်းနဲ့ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိမည့် (၄)နှစ် စာချုပ်ချုပ်ဆိုခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာလိုက်ပါတယ်။

မာနေးက အယ်လ် နာဆာအသင်းမှာ တစ်ပတ် လုပ်ခ ပေါင် (၆၅၀၀၀၀)အထိ ရရှိသွားမှာဖြစ်ပြီး ပေါင် (၃၄.၃၇)သန်း ကိုလည်း တစ်နှစ် လုပ်ခအဖြစ် ရရှိသွားပါမယ်။ ဒါက မာနေးကို အာဖရိကရဲ့ လုပ်ခ အများဆုံး ဘောလုံးသမား တစ်ဦးပါ ဖြစ်စေခဲ့သလို လက်ရှိ ကမ္ဘာ့ လုပ်ခ အများဆုံး ဘောလုံးသမားတွေထဲမှာလည်း တစ်ဦးအပါအဝင် ဖြစ်လာစေပါတယ်။

ပြီးခဲ့သည့်ရာသီကပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုအား ခေါ်ယူထားသည့် အယ်လ်နာဆာအသင်းဟာ ယခုအပြောင်းအရွှေ့ကာလအတွင်း ဘရိုဇိုဗစ်၊ အဲလက်စ်တဲလက်စ်၊ ဆီကိုဖိုဖာနာနှင့် မာနေးအစရှိသည့် ဥရောပအခြေစိုက် နာမည်ကျော်ကစားသမားများကိ ဆက်တိုက်ခေါ်ယူထားပါတယ်။

Photos: AlNassr