“မာရဝိဇယ”ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ေဆာက္ပူေဇာ္ေရးလုပ္ငန္းခြင္တြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ ေက်ာက္စာ႐ုံေစတီ ၁ ဆူႏွင့္ နဝကမၼသာသနိကလႉဒါန္း

ၾသဂုတ္ ၂၊ ေနျပည္ေတာ္
ကမၻာေပၚရွိ ထိုင္ေတာ္မူ ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္မ်ားအနက္ ဉာဏ္ေတာ္အျမင့္မားဆုံးျဖစ္လာမည့္ “မာရဝိဇယ” ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ျပည္ေထာင္စုနယ္ေၿမ ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္ ဗုဒၶဥယ်ာဥ္ေတာ္တြင္ တည္ေဆာက္ပူေဇာ္ၿပီး ၁-၈-၂၀၂၃ ရက္ေန႔ ဒုတိယဝါဆိုလျပည့္ေန႔တြင္ ဗုဒၶဘိေသကအေနကဇာတင္ပူေဇာ္ျခင္းႏွင့္ ေက်ာက္စာ႐ုံေစတီမ်ား ေရႊထီးေတာ္တင္လႉပူေဇာ္ျခင္းႏွင့္ ေရစက္ခ်ေအာင္ပြဲအခမ္းအနားကို ျပဳလုပ္ပူေဇာ္ခဲ့ပါသည္။
ဘုရားႀကီး၏ တည္ေဆာက္ပူေဇာ္မႈလုပ္ငန္းတြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွလည္း ေက်ာက္စာ႐ုံေစတီ ၁ ဆူႏွင့္ နဝကမၼသာသနိက (အလႉေတာ္ေငြတန္ဖိုး- သိန္းေျခာက္ရာ တိတိ) ကိုပါဝင္လႉဒါန္းခဲ့ၿပီး ပါတီ၏ကိုယ္စား အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးမွ ေက်ာက္စာ႐ုံေစတီ၏ ေရႊထီးေတာ္အား တင္လႉပူေဇာ္ခဲ့ပါသည္။

===========================
“မာရဝိဇယ”ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ရေးလုပ်ငန်းခွင်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျောက်စာရုံစေတီ ၁ ဆူနှင့် နဝကမ္မသာသနိကလှူဒါန်း

သြဂုတ် ၂၊ နေပြည်တော်
ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်မားဆုံးဖြစ်လာမည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဥ်တော်တွင် တည်ဆောက်ပူဇော်ပြီး ၁-၈-၂၀၂၃ ရက်နေ့ ဒုတိယဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓဘိသေကအနေကဇာတင်ပူဇော်ခြင်းနှင့် ကျောက်စာရုံစေတီများ ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲအခမ်းအနားကို ပြုလုပ်ပူဇော်ခဲ့ပါသည်။
ဘုရားကြီး၏ တည်ဆောက်ပူဇော်မှုလုပ်ငန်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှလည်း ကျောက်စာရုံစေတီ ၁ ဆူနှင့် နဝကမ္မသာသနိက (အလှူတော်ငွေတန်ဖိုး- သိန်းခြောက်ရာ တိတိ) ကိုပါဝင်လှူဒါန်းခဲ့ပြီး ပါတီ၏ကိုယ်စား အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးမှ ကျောက်စာရုံစေတီ၏ ရွှေထီးတော်အား တင်လှူပူဇော်ခဲ့ပါသည်။