ဂျူဗင်တပ်တွင် ရော်နယ်ဒိုကမ္ဘာ့တတိယ လစာအများဆုံး ကစားသမားဖြစ်လာ

ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုသည် ရီးရဲလ်မှ ဂျူဗင် တပ်သို့ ယူရို ၁၀၂ သန်းဖြင့် ပြောင်းရွှေ့ပြီးနောက် တစ်ပတ် လုပ်ခပေါင် ငါးသိန်းရရှိမည်ဖြစ် ရာ ၎င်းသည် မက်ဆီနှင့် နေမာတို့ နောက် ကမ္ဘာ့တတိယ လစာအ များဆုံး ကစားသမားဖြစ်လာ သည်။

မက်ဆီသည် ယခင်အတိုင်း တစ်နှစ်လုပ်ခပေါင် ၄၀ ဒသမ ၅ သန်းဖြင့် ကမ္ဘာ့လစာအကောင်းဆုံး ကစားသမား အဖြစ် ဆက်ရှိနေပြီး နေမာလည်း တစ်နှစ်လုပ်ခ ပေါင် ၃၁ ဒသမ ၇ သန်းဖြင့် ဒုတိယလစာအကောင်းဆုံး ကစားသမားအဖြစ် ဆက်ရှိနေသည်။

ရော်နယ်ဒိုသည် တစ်နှစ် လုပ်ခပေါင် ၂၆ ဒသမ ၆ သန်းဖြင့် ကမ္ဘာပေါ်တွင် တတိယလစာအကောင်းဆုံး ကစားသမားဖြစ်လာစဉ် ယခင်က ယင်းနေရာ၌ ရှိခဲ့သော မန်ယူတိုက်စစ်မှူး ဆန်းချက်ဇ် (တစ်နှစ်လုပ်ခ ပေါင် ၂၃ ဒသမ ၄ သန်း) သည် ၎င်းထက် တစ်ဆင့်နိမ့်ခဲ့သည်။

တရုတ်စူပါလိဂ်တွင် ကစားနေသော အော်စကာ၊ ဟု့ခ်၊ လာဗက်ဇီစသော ကစားသမားများလည်း ကမ္ဘာ့လစာ အကောင်းဆုံး စာရင်း၌ ပါဝင်သည်။

ယင်းစာရင်းတွင် ကမ္ဘာ့ဖလား၌ ပြင်သစ်အတွက် ခြေစွမ်းပြနေသော မက်ဘီလည်း တစ်နှစ်လုပ်ခ ပေါင် ၁၅ ဒသမ ၉ သန်းဖြင့် ပါဝင်နေပြီး မန်ယူ ကွင်းလယ်လူ ပေါဂ့်ဘာသည် ပေါင် ၁၅ ဒသမ ၄သန်းဖြင့် ထိပ်ဆုံး ၁၀ ဦး နောက်ဆုံး နေရာ၌ ရှိနေသည်။

—Ref:DailyMail