ပါတီဗဟိုအလုပ်အမှုဆောင် ဆိပ်ကမ်းမြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေးညှိနှိုင်းဆွေးနွေး

 

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ရန်​ကုန်​တိုင်း​ဒေသကြီး ပါတီဥက္ကဌ ဦးခင်မောင်စိုး ဆိပ်ကမ်းမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင်လ (၁၂) ရက်နေ့လည် (၁၁) နာရီကဆိပ်ကမ်းမြို့နယ် ပါတီကော်မတီရုံးတွင် ကျင်းပပါသည်။
အဆိုပါဆွေးနွေးပွဲသို့ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းပါတီဥက္ကဌဦးခင်မောင်စိုး၊ အတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်းနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းပါတီကော်မတီဝင်များ၊ ယာယီခရိုင်ပါတီဥက္ကဌ ဒေါ်အိအိလှိုင်နှင့်ခရိုင်ပါတီကော်မတီဝင်များ၊ ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်၊ ဆိပ်ကမ်းမြို့နယ်​ ပါတီဥက္ကဌ ဦးနေမျိုးအောင်နှင့် (၁၂) မြို့နယ်မှ ပါတီဥက္ကဌများ တက်ရောက်ကြသည်။
အစီအစဉ်အရ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးမှ ဆိပ်ကမ်းမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တိုင်းခရိုင်ပါတီကော်မတီမှ အထောက်အကူပြုအဖွဲ့များ ကျန် (၁၂) မြို့နယ်မှ ပါတီဝင်များ အထောက်အကူပြုအဖွဲ့များ ချိတ်ဆက်၍ ဝိုင်းဝန်းကူညီပံ့ပိုးနိုင်ရေး ဆောင်ရွက်ရမည့်ကိစ္စများကို မှာကြားခဲ့သည်။
ထို့နောက် ဆိပ်ကမ်းမြို့နယ်ပါတီဥက္ကဌနှင့်ကော်မတီဝင်များ တိုင်းခရိုင်အထောက်အကူပြုအဖွဲ့များမှ ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းများကို တင်ပြကြရာ ပါတီဗဟိုအလုပ်အမှုဆောင်မှ လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

ထိန်ဝင်း (YGN)