တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီအလံသစ်တင်အခမ်းအနားကျင်းပ

 

တောင်သာ ဇူလိုင် ၅

မန္တလေးတိုင်းဒေသကြီး တောင် သာမြို့တွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီအလံ သစ်တင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ် ပါတီရုံး ရှေ့ဥပစာ၌ ကျင်းပခဲ့ကြောင်း သိရ သည်။

အဆိုပါ ပါတီအလံသစ်တင် အခမ်းအနားတွင် မြို့နယ်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးရှေ့၌ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုခြင်းများ ပြုလုပ်ခဲ့ သည်။ ဆက်လက်၍ မြို့နယ်ပါတီ ၏ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ ခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီ၏ အလံသစ်လွှင့်တင်ခြင်း နှင့်လစဉ်ပုံမှန်အစည်းအဝေးအခမ်း အနားသို့ မြင်းခြံခရိုင် ပါတီဥက္ကဋ္ဌ ဦးကျော်တင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်နှင့် မြို့နယ်ပါတီ အတွင်းရေးမှူး ဦးသန်းဇော်ဦး၊ ပါတီကော်မတီဝင်များ စုစုပေါင်း အင်အား ၅ဝ ခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)