မြ၀တီပြည်ခိုင်ဖြိုး မြို့နယ်ပါတီကော်မတီပြန်လည်ရွေးချယ်ရေး အကြိုညှိနှိုင်း စည်းဝေး

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြ၀တီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဇွန်လ (၃၀) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မျက်နှာစုံညီ ပါတီညီလာခံနှင့်အတူ မြို့နယ်ပါတီကော်မတီ ပြန်လည်ရွေးချယ်ရေးအတွက် အကြိုညှိနှိုင်းစည်းဝေးပွဲကို ဇွန်လ (၄) ရက် နံနက်ပိုင်းက မြို့နယ်ပါတီရုံးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ မြို့နယ်ပါတီတာဝန်ခံ ဦးသန်းဦး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ဦး၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးထွန်းနေအောင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ စည်းရုံးရေးမှူးနှင့် အမှုဆောင် ပါတီဝင် (၅၆) ဦး တက်ရောက်ခဲ့ကြပြီး အပြန်အလှန် ဆွေးနွေးညှိနှိုင်း၍ အတည်ပြု့ချက် ရယူကာ အစည်းအဝေးကို နေ့လည် (၁၂) နာရီခွဲအချိန်တွင် ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

U Myint Oo


Leave a Reply