ဇမ္ဗူသီရိမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်နှင့်ရပ်/ကျေးကော်မတီများတွေ့ဆုံ

 

အောင်အောင်(နေပြည်တော်)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဇမ္ဗူသီရိမြို့နယ်ရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁ဝ နာရီတွင် မြို့နယ်နှင့်ရပ်/ကျေးကော်မတီများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုနယ်မြေအတွင်းရေးမှူး ဦးဌေးဝင်း၊ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် မြို့နယ်တာဝန်ခံ ဒေါ်သီတာထွေး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဝင်းဌေး၊ အတွင်းရေးမှူး ဦးထင်လင်းအောင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး ဥက္ကဋ္ဌများ စုစုပေါင်းအင်အား ၄ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲ၌ ပြည်ထောင်စုနယ်မြေနှင့် ခရိုင် မြို့နယ်များမှ တာဝန်ရှိသူများက လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ ပါတီလုပ်ငန်းဆိုင်ရာများ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာ သော ရပ်/ကျေးဥက္ကဋ္ဌများက ဒေသဆိုင်ရာများကို ပါတီရှေ့လုပ်ငန်းစဉ်များကို အပြန်အလှန် ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြပြီး မွန်းတည့် ၁၂ နာရီတွင် တွေ့ဆုံပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

နေပြည်တော် ဇူလိုင် ၅