ကုန်းတွင်းမုန်တိုင်းငယ်အရှိန်ကြောင့်လာမယ့် ၂၄ နာရီအတွင်း လေပြင်းတိုက်ပြီး တိုင်းနဲ့ ပြည်နယ်အနှံ့အပြား မိုးကြီးမယ်

ကုန်တွင်းမုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ရခိုင်၊မကွေး၊ မန္တလေး၊စစ်ကိုင်းတို့မှာ လေပြင်းတိုက်ခတ်နိုင်ပြီးတော့ တိုင်းနဲ့ ပြည်နယ် အနှံ့မှာ မိုးကြီးလာနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကဒီနေ့မနက် ၁၁ နာရီမှာသတင်းထုတ်ပြန်ပါတယ်။

ကုန်းတွင်းမုန်တိုင်းငယ်က နောက်ထပ် ၉ နာရီအတွင်းမှာ အားလျော့သွားမှာဖြစ်ပြီးတော့ အဲ့ဒီမုန်တိုင်းငယ် အရှိန်ကြောင့် နောက် ၂၄ နာရီအတွင်းမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ် ၊ရှမ်း၊ ချင်း၊ရခိုင်၊ ကယား၊ ကရင်၊ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်က နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမှာ ဖြစ်ပြီး နေရာကွက်ပြီးမိုးကြီးတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ပဲခူတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်၊ရှမ်း၊ချင်း၊ ရခိုင်၊မွန်ပြည်နယ်တို့မှာ ၂၄ နာရီ အတွင်းမှာ မိုးရေချိန် ၃ လက်မနဲ့ အထက်၊ နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ ၁ဒသမ ၅ လက်မနဲ့ အထက် မိုးရွာသွန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်မှာ မိုးသက်လေပြင်းကျရောက်ပြီး ရေပြင်၊မြေပြင်လေက တစ်နာရီကို မိုင် ၄၀ အထိတိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။

အဲ့ဒီကုန်းတွင်းမုန်တိုင်းငယ်အရှိန်ကြောင့် လေပြင်းတိုက်တာ၊ မိုးကြီးတာ၊ ရေကြီးတာတွေဖြစ်နိုင်တာကြောင့် ကုန်းမြင့်ဒေသနားမှာ နေသူတွေအနေနဲ့ မြေပြိုတာတွေ၊ ရေကြီးရေလျှံတာတွကို သတိပြုဖို့ လိုမယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

Source : Duwun