ချောင်းဆုံမြို့နယ်နှင့် ဆယ်မိုင်အကွာ သံလွင်မြစ်အတွင်း အထောက်အထားမဲ့ ဘင်္ဂါလီ ၁၂၈ ဦး တပ်မတော်ရေမှ ဖမ်းဆီးရမိ

 

ဧပြီ ၂ ရက် နံနက် ၁ နာရီအချိန်တွင် မွန်ပြည်နယ် ၊ ချောင်းဆုံမြို့နယ်နှင့် ဆယ်မိုင်အကွာ သံလွင်မြစ်အတွင်း အမည်မပါရှိသည့် မသင်္ကာစရာ  စက်လှေတစ်စီးအား တပ်မတော်ရေမှ  တက်ရောက်စစ်ဆေးရာ စက်လှေ ဝမ်းဗိုက်ထဲအတွင်း အထောက်အထားမဲ့ ဘင်္ဂါလီ ကျား ၁၀၂ ဦး၊ မ ၂၀ ဦး၊ ကလေး ကျား၁ ဦး၊ မ ၅ ဦး စုစုပေါင်း ၁၂၈ ဦး အား သယ်ဆောင်လာကြောင်း စစ်ဆေးဖမ်းဆီးရမိခဲ့သဖြင့် ခိုးဝင်ဘင်္ဂါလီများအား မော်လမြိုင်မြို့ သို့ပို့ဆောင် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။ #pan