နယ်လှည့်ဆေးကုသရေးအဖွဲ့ အခမဲ့ကွင်းဆင်းဆေးကု

ရန်ကုန်၊ မေ ၂၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်မြောက်ပိုင်းခရိုင် ဖြိုးစေတနာ (အခမဲ့) နယ်လှည့်အထွေထွေ ရောဂါဆေးကုသရေးအဖွဲ့မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ခေါင်းဆောင် မြောက်ပိုင်းခရိုင် ပါတီဘဏ္ဍာရေးမှူး ဦးကြည်စိုး ဦးဆောင်သော ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်သူများပါဝင်သော ဆေးကုသရေးအဖွဲ့သည် မှော်ဘီမြို့နယ် ဝါးပတောကျေးရွာတွင် ကျေးရွာနေမိဘပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ အနောက်တိုင်းဆေးဝါးဖြင့် အခမဲ့ ဆေးဝါးကုသမှုပြုလုပ်ပေးခဲ့သည်။

အဆိုပါဆေးကုသမှုဆောင်ရွက်ရာတွင် မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်ယု၊ ခရိုင်ကော်မတီဝင် ဦးထွန်းထွန်းဦး၊ မှော်ဘီမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဦးနှင့် မြို့နယ်ကော်မတီဝင်များ၊ ကျေးရွာပါတီဥက္ကဋ္ဌ ဦးကျော်ရွှေနှင့် ကော်မတီဝင်များက ဆေးကုသမှုလာရောက်ခံယူနေသော ဝါးပတော ကျေးရွာနေ မိဘပြည်သူများ အား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည့်ဆေးဝါးများကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး ညနေ ၅ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

မြင့်သိန်း(လှိုင်သာယာ)