မကွေးတိုင်းဒေသကြီးပါတီ လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆွေးနွေး

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များ၏ အပတ်စဉ် အစည်းအဝေးကို နိုဝင်ဘာ (၂၈) ရက် နံနက် (၁ဝ) နာရီတွင် တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေးနှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ဖိတ်ကြားထားသော မြို့နယ်ပါတီ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက ပါတီဌာနချုပ်တွင် ကျင်းပ သော အလုပ်အမှုဆောင်အစည်းအဝေးမှ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရာတွင် ပါတီ အောင်နိုင်ရေးကိစ္စရပ်များ၊ အစည်းအဝေး အတွေ့အကြုံများကို ပဏာမ ရှင်းလင်းဆွေးနွေးပြီး လူမှန်နေရာမှန် တာဝန်ပေးအပ်ရေး၊ မျိုးဆက်သစ်များ လက်ဆင့်ကမ်းဆောင်ရွက်ရေး၊ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရေး မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်က ပါတီဌာနချုပ်၏ လမ်းညွှန်ချက်များ၊ ခရိုင်၊ မြို့နယ်ပါတီများမှ ဝင်စာများကိုတင်ပြပြီး လာမည့် ဒီဇင်ဘာလ အတွင်း ချင်းပြည်နယ် နတ်မတောင်သို့ ခြေကျင်တောင်တက်ခရီးစဉ် ချီတက်မည့်အစီအစဉ် များ၊ တိုင်းဒေသကြီးအတွင်း မီဒီယာသင်တန်း ဖွင့်လှစ်မည့် အစီအစဉ်များ၊ ပါတီကော်မတီဝင် များနှင့် စည်းရုံးရေးမှူးများ၏ ပညာထူးချွန် သားသမီးများကို ဂုဏ်ပြုဆု ချီးမြှင့်မည့် အစီအစဉ် များနှင့် အခြားပါတီသတင်းများနှင့် ထူးခြားဖြစ်စဉ်သတင်းများ ဌာနချုပ်သို့ စဉ်ဆက်မပြတ် ပေးပို့ရေး ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ တက်ရောက်လာသူများက တောင်တက်ခရီးစဉ်အတွက် လိုအပ်ချက်များ ဆွေးနွေးခြင်း၊ ပါတီပိုင်ပစ္စည်းကိစ္စများကို ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ က ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိ ရသည်။

ဇော်မြင့်(မကွေး)


Leave a Reply