ဘားအံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲကျင်းပ

 

ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး ဒေါနခန်းမတွင် ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပသော ဘားအံ မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌဦးစောမြင့်ဦး၊ဗဟိုကော် မတီဝင် ပြည်နယ်အတွင်းရေးမှူး ဦးစန်းကို၊ ဗဟိုကော်မတီဝင် ပြည် နယ်ဘဏ္ဍာရေးမှူး ဦးစောဝင်း ထိန်၊ ဘားအံခရိုင် ပါတီအတွင်း ရေးမှူး ဒေါ်စန္ဒာဦး၊ ဘားအံမြို့ နယ်ပါတီဥက္ကဋ္ဌ ဦးစောစိန်ဝင်း၊ မြို့နယ်အတွင်းရေးမှူး ဦးခွန် သန်းဝင်းနှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်စု ပါတီဥက္ကဋ္ဌများ စုစုပေါင်း အင်အား ၁၂ဝ ခန့် တက်ရောက် ခဲ့ကြသည်။

အခမ်းအနားကို နိုင်ငံတော် အလံအလေးပြုကာ နိုင်ငံတော် သီချင်းသံပြိုင်သီဆို၍ဖွင့်လှစ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးက အဖွင့် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ အတွင်းရေးမှူး ဘားအံမြို့နယ်တာဝန်ခံ ဦးစန်းကို က အမှာစကားပြောကြားခဲ့သည်။

ထို့နောက် တိုက်နယ်အလိုက် ရပ်ကွက်၊ ကျေးရွာအုပ်စု ဥက္ကဋ္ဌ တာဝန်ပေးအပ်လွှာများကို ဗဟို အလုပ်အမှုဆောင် ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ဗဟိုကော် မတီဝင် ပြည်နယ်ပါတီအတွင်း ရေးမှူး ဘားအံမြို့နယ်တာဝန်ခံ ဦးစန်းကို၊ ဗဟိုကော်မတီဝင် ပြည် နယ်ဘဏ္ဍာရေးမှူး ဦးစောဝင်းထိန် နှင့် ဘားအံမြို့နယ် ပါတီဥက္ကဋ္ဌ ဦးစောစိန်ဝင်းတို့က ပေးအပ်ခဲ့သည်။ ဗဟိုအလုပ်အမှုဆောင် ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးက နိဂုံး ချုပ် အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို နံနက် ၁၁ နာရီ ၄၅မိနစ်တွင် အောင်မြင်စွာရုပ်သိမ်း ခဲ့သည်။