မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်နှင့်အမျိုးသမီးများ၏ လူမှုစွမ်းရည်ဖွံ့ဖြိုးတိုးတက်မှု သင်တန်းဆင်းပွဲပြုလုပ်

 

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လူငယ်နှင့်အမျိုး သမီးများ၏ဘဝ မြင့်မားတိုးတက် စေရေးမူအရ ရန်ကုန်တိုင်းဒေသ ကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လူမှုစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေ သော သင်တန်းများအလျဉ်းသင့် သလို ဖွင့်လှစ်ပေးခဲ့ရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ပါတီ ရုံးခန်းမ၌ Online Technology Training သင်တန်းဆင်းပွဲပြုလုပ် ခဲ့သည်။

အဆိုပါသင်တန်းကို ကော့မှူး မြို့နယ်သတင်းနှင့်မီဒီယာတာဝန်ခံ ဆရာဦးမြတ်ဟိန်းကျော် (ဥာဏ် လင်းထက်-ကြယ်တံခွန်နည်းပညာ ကွန်ရက်)နှင့် ဒလမြို့နယ် မီဒီယာ တာဝန်ခံ ဦးသူရအောင် (ကြယ်တံ ခွန်နည်းပညာ)တို့မှ သင်ကြားပို့ချ ပေးခဲ့သည်။

သင်တန်းဆင်းပွဲသို့ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အရန်ကော်မတီဝင် ဒေါ်အေးမြင့်က သင်တန်းဆင်းအမှာစကားပြော ကြားပြီး သင်တန်း နည်းပြဆရာ ဦးမြတ်ဟိန်းကျော်နှင့်ဦးသူရအောင် တို့အား မှတ်တမ်းတင်ဂုဏ်ပြုလွှာ များ ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်လဲ့လဲ့အေးတို့က သင် တန်းသားသင်တန်းသူ ၃ဝကို သင် တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)