မဟာအောင်မြေမြို့နယ်ပြည်ခိုင်ဖြိုးပါတီ သက်ကြီးဘိုးဘွားများအားပူဇော်ကန်တော့

 

မန္တလေးမြို့တွင် မဟာအောင်မြေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင်များ ဖြစ်ကြသည့် ဦးမျိုးမြင့်နှင့်ဦးကျော်စန်း၊ မန္တလေးခရိုင်ပါတီဥက္ကဋ္ဌဦးဘိုသင်း၊ မဟာအောင်မြေမြို့နယ် ပါတီဥက္ကဋ္ဌဦးမြင့်သန်း၊ မြို့နယ်ပါတီအတွင်းရေးမှူးဦးသန်းစိုးနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ရပ်ကွက် ပါတီဥက္ကဋ္ဌများနှင့်ပါတီဝင်များ၊ ရပ်ကွက်အသီးသီးမှ ကန်တော့ခံဘိုးဘွားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဧည့်ပရိသတ်များက အဘိုးအဘွားတို့အား ကန်တော့ချိုးဖြင့်ကန်တော့ခဲ့ကြကာ အဘိုးဦးကိုလေး(ခရိုင်ကော်မတီဝင်ဟောင်း) က ဆုတောင်းမေတ္တာပြန်လည်ပို့သခဲ့ပြီးနောက် အဘိုးအဘွားများအား ကန်တော့ပစ္စည်းများဖြင့် ကန်တော့ခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုရုပ်သိမ်းခဲ့သည်။

ယနေ့အခမ်းအနားတွင် မဟာအောင်မြေပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အတွင်းရှိ ရပ်ကွက်အသီးသီးမှ အဘိုး ၆၆ ဦး၊ အဘွား ၁၄ ဦး၊ စုစုပေါင်း ၈ဝ တို့အား ကန်တော့ခဲ့ကြောင်း သိရသည်။