မော်လမြိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မေလ ၁၃ ရက်နေ့ နံနက်၁၀နာရီခန့်က မြို့နယ်ပြည်ခိုင်ဖြိုးရုံးတွင် ကျင်းပရာ ပြည်နယ်ပါတီကော်မတီဝင် ဦးလွင်မိုး အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညီညီထွေးမှ ရှေ့ဆက်လုပ်ငန်းစဉ်များအား ဆွေးနွေးကာ ပြည်နယ်လူငယ်ရေးရာတာဝန်ခံ ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာတိုးတိုးအောင်မှ ဗဟိုလမ်းညွှန်ချက်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော ရပ်/ကျေးဥက္ကဋ္ဌများမှ မိမိတို့၏လုပ်ဆောင်ချက်များ လိုအပ်ချက်များကို ပြန်လည်တင်ပြဆွေးနွေးကြကာ နံနက် ၁၁နာရီခွဲခန့်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြီးမြောက်ကြောင်း သိရသည်။