ဟာဝိုင်အီမီးတောင် ပေါက်ကွဲမှု ပိုမိုပြင်းထန်လာနိုင်

ဟာဝိုင်အီပြည်နယ်ရှိ Kilauea မီးတောင်ပေါက်ကွဲမှု သည် လာမည့်သီတင်းပတ်များ တွင် ပိုမိုပြင်းထန် လာနိုင်ကြောင်း နှင့် ကျောက်ခဲအရွယ် ချော်တုံး များ မိုင်ပေါင်းများစွာအထိ လွင့် ပျံ့ပြီး အနီးရှိမြို့များသို့ ပြာမှုန်များ ဖုံးလွှမ်းနိုင်ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ (USGS)က ပြောကြားသည်။

ဟာဝိုင်အီပြည်နယ်၏ လှုပ် ရှားမှုအများဆုံး မီးတောင်သည် ပြီးခဲ့သည့် ကြာသပတေးနေ့က စတင်ပေါက်ကွဲခဲ့ပြီး မီးတောင် အရှေ့ခြမ်းမှ ထွက်ပေါ်လာသော  ချော်ရည်များကြောင့် အနည်းဆုံး လူနေအိမ် ၃၆ လုံး ပျက်စီးကာ ဒေသခံ ၂,၀၀၀ ခန့် ရွှေ့ပြောင်း နေထိုင်ခဲ့ရသည်။

ယင်းမီးတောင် ပိုမိုပြင်းထန် စွာ ပေါက်ကွဲပါက တန်ပေါင်းများစွာလေးသော ချော်တုံးများ တစ်ကီလိုမီတာခန့်အထိ လွင့် လာနိုင်ပြီး ကျောက်ခဲအရွယ် ချော်ခဲများ မိုင်ပေါင်းများစွာအထိ လွင့်ထွက်ကာ ပြာမှုန်များ မိုင် ပေါင်း ၂၀ ၊ ၃၀ အထိ ရောက်နိုင် သည်ဟု USGS က သတိပေး သည်။

လူဦးရေ ၄၃,၀၀၀ ရှိသော ဟီလိုမြို့နယ်သည် မီးတောင်၏ အရှေ့မြောက်ဘက် ၄၀ ကီလိုမီ တာတွင် တည်ရှိပြီး ပါဟိုးအာဟုခေါ်သော ကျေးရွာသည် မီး တောင်၏ အရှေ့ဘက် ၃၈ ကီလို မီတာတွင် တည်ရှိနေသည်။

Kilauea မီးတောင်အခေါင်း ပေါက်အတွင်းမှ ချော်ရည်အမြင့် သည် မြေအောက်ရေအမြင့်နှင့် တူညီသွားပါက ချော်ရည်ကန်သို့ ရေများ ဝင်ရောက်ပြီး ပြင်းထန် သော ပေါက်ကွဲမှုများ ဖြစ်ပေါ်စေနိုင်သည်ဟု USGS က ပြော သည်။

ချော်ရည်များစီးကျမှု ခေတ္တ ရပ်တန့်နေသည်ဟု ဟာဝိုင်အီ အာဏာပိုင်များက ပြောသော် လည်း အန္တရာယ်ရှိသော ဆာလ် ဖာဒိုင်အောက်ဆိုက် ဓာတ်ငွေ့ များ ထွက်ပေါ်နေဆဲဖြစ်သည်။

 အက်စစ်မိုး ဖြစ်ပေါ်နိုင် သော ယင်းဓာတ်ငွေ့နှင့် ထိတွေ့ မှုများပြားလျှင် အသက်အန္တရာယ် ရှိကြောင်း အဆိပ်သင့်အရာဝတ္ထု များအေဂျင်စီက ပြောသည်။

မီးတောင်မှ ထွက်ပေါ်လာ သော ချော်ရည်များသည် မြေဧရိ ယာ ၄၂ ဟက်တာကို ဖုံးလွှမ်း နေပြီဖြစ်သည်။

—Ref: Reuters