ယူကရိန်းစစ်ပွဲတွင် ထိရောက်မှုရှိကြောင်းတွေ့ရသည့် ဟိုင်းမားဒုံးကျည်ကို သြစတြေးလျက အမေရိကန်ထံမှ ဝယ်ယူမည်

ယူကရိန်းက ကျူးကျော်သူ ရုရှားများကို တိုက်ခိုက်ရာတွင် စစ်မြေပြင်၌ အသုံးပြုနေသော ရွှေ့ပြောင်းဒုံးကျည် စနစ်နှင့် အတူတူဖြစ်သည့် တာဝေးပစ်ဒုံးကျည်စနစ်ကို လက်ခံရရှိရန် အမေရိကန်ဘက်မှ ကမ်းလှမ်းချက်ကို မိမိတို့လက်ခံခဲ့သည်ဟု သြစတြေးလျက ဇန်နဝါရီ ၅ ရက်တွင် ပြောကြားသည်။ ဟိုင်းမားဒုံးကျည်သည် သြစတြေးလျကို တိုက်ခိုက်မှုများအား ဟန့်တားလိမ့်မည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်ဆိုသော်လည်း ကမ္ဘာ တစ်ဝန်း ဖြန့်ကြက်ရေးအတွက် ယင်းဒုံးကျည်ကို လေယာဉ်ဖြင့် သယ်ယူပို့ဆောင်နိုင်သည်ဟု ဆိုသည်။ “ယူကရိန်း စစ်ပွဲတွင် ဟိုင်းမားဒုံးကျည်စနစ်ရဲ့ ထိထိရောက်ရောက်ရှိပုံက အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ဧကန် သြဇာလွှမ်းမိုး ခဲ့ပါတယ်” ကာကွယ်ရေးစက်မှုလုပ်ငန်းဝန်ကြီး ပတ်ကွန်ရိုးက အစိုးရရုပ်သံ ABC ကိုပြောကြားသည်။ ဟိုင်းမား အတွက် တစ်ကမ္ဘာလုံးဝယ်လို အားများပြားနေသောအနေအထားတွင် သြစတြေးလျသည် ယင်းဒုံးကျည်များကို ဝယ်ယူရန် တန်းစီးနေသော နိုင်ငံများထဲတွင် နေရာရရှိရေးအတွက် လျင်မြန်စွာ မှာယူခဲ့သည် ဟု ကွန်ရိုးက ပြောကြားသည်။

သြစတြေးလျသည် ၂၀၁၆-၂၀၂၇ တွင် ဟိုင်းမားဒုံးကျည်များကို ဖြန့်ကြက်ရန် မျှော်လင့်ထားကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။ ဖြန့်ကြက်မည့်ဟိုင်းမားဒုံးကျည်များထဲတွင် ဒုံးကျည်ပစ်လောင်ချာများ၊ ဒုံးကျည်များ၊ ဒုံးကျည်လေ့ကျင့်ရေးများ ပါဝင်မည်ဟုဆိုသည်။ ဝန်ကြီးကဟိုင်းမားဒုံးကျည်စနစ်အတွက် ဈေးနှုန်းကို ပြောကြားခြင်း မပြပဲ သြစတြေးလျအနေဖြင့် သြစတြေးလျဒေါ်လာ ၁-၂ ဘီလျံ(အမေရိကန်ဒေါ်လာ ၁ ဒသ မ ၄ ဘီလျံ) အသုံးပြုမည်ဟုသာ ပြောကြားသည်။ သီးခြား စာချုပ်ချုပ်ဆို၍ ဝယ်ယူမည့်လက်နက်မှာ နော်ဝေအခြေစိုက် ကောင်းစဘတ်က ထုတ်လုပ်သော ရေကြောင်းတိုက်ခိုက်ရေး ဒုံးကျည်ဖြစ်သည်ဟုဆိုသည်။ အဆိုပါဒုံးကျည် များကို ၂၀၂၄ ခုနှစ်မှ စတင်၍ မိမိတို့၏ ဖျက် သင်္ဘောများတွင်လည်းကောင်း၊ ဖရီးဂိတ်စစ် သင်္ဘောများတွင် လည်းကောင်း တပ်ဆင်သွားမည်ဟု သြစတြေးလျအစိုးရက ပြောကြားသည်။

Moblilty Artillery Rocket System (HIMARS) ခေါ် ဟိုင်းမားဒုံးကျည်သည် သြစတြေးလျစစ်တပ်၏ တိုက်ခိုက်မှု အကွာအဝေးကို ကီလိုမီတာ ၃၀ (၁၉ မိုင်) မှ ကီလို မီတာ ၃၀ဝ အထိ ရှိလာစေမည်ဖြစ်သည်။  အနာဂတ် ပစ်မှတ်တိကျ ဒုံးကျည်နှင့်အတူ  နောက်ဆုံးတွင် တိုက်ခိုက်မှုအကွာအဝေးသည် ကီလိုမီတာ ၅၀ဝ အထိရှိလာ မည်ဟု ကွန်ရိုးက ပြောကြားသည်။ တရုတ်က စစ်ရေးသြဇာနှင့် သံတမန်သြဇာတို့ကို ကြီးထွားအောင်လုပ်ဆောင် နေသော ပစိဖိတ်ဒေသတွင် ဟိုင်းမားဒုံးကျည်ချထားခြင်း ပြမပြ ဆိုသည်ကို မေးမြန်းရာတွင် ဝန်ကြီးကွန်ရိုးက “ဟိုင်းမားဒုံးကျည်ကို ကမ္ဘာ့ရဲ့ဘယ်နေရာမဆို သယ်ဆောင်သွားလို့ရတဲ့ လွယ်ကူမှုကတော့ ဒီဒုံးကျည်ကို တကယ့် အဓိကကျတဲ့ လက်နက်ဖြစ်စေပါလိမ့်မယ်”ဟု ပြန်လည်ဖြေကြားသည်။ အမေရိကန်ပံ့ပိုးပေးသော ဟိုင်းမား ဒုံးကျည် ဖြင့် ယူကရိန်းက တိုက်ခိုက်သောကြောင့် မကြာသေးမီက ရုရှားစစ်သားအများအပြား သေဆုံးခဲ့သည်။ ထို့အပြင် စစ်မြေပြင်တွင် ရုရှားအခြေမလှဖြစ်ရခြင်းမှာ ယူကရိန်းက ဟိုင်းမားဒုံးကျည်များကို အသုံးပြုနေခြင်း ကြောင့်ဖြစ်သည်ဟု ဆိုသည်။ ရုရှားစစ်သားများ မိုဘိုင်းဖုန်းအသုံးပြုခြင်းမှတစ်ဆင့် ゞင်းတို့၏တည်နေရာကို သိသွားသောကြောင့် ယင်းသို့ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ရုရှားစစ်တပ်က ပြောကြားသည်။