လမ်းမတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ တာဝန်ပေးအပ်

ရန်ကုန် ဧပြီ ၂

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ ရပ်ကွက် ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို လမ်းမတော်မြို့နယ် ပါတီရုံးခန်းမ၌ မတ် ၃၁ ရက် နံနက် ၁ဝ နာရီတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားကို ပါတီဗဟိုကော်မတီဝင်များဖြစ်ကြသော တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးတင်ဝင်း၊ ဦးတင်လှိုင်၊ ဒေါ်သင်းသင်းမိုးနှင့် အနောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးနေဝင်း၊ ခရိုင်ပါတီကော်မတီဝင်များ၊ လမ်းမတော်မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မိတ်ဖက် အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးတင်လှိုင် (လမ်းမတော် မြို့နယ်တာဝန်ခံ) က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်အနောက်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးနေဝင်းက ရပ်ကွက်ပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်လွှာများကို ပေးအပ်၍ အခမ်းအနားကို နံနက် ၁၁ နာရီတွင် ရုပ်သိမ်းခဲ့သည်။ဆက်လက်၍ တိုင်း၊ ခရိုင်နှင့် လမ်းမတော်မြို့နယ် ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

မျိုးသန့်(လမ်းမတော်)