ပျဉ်းမနားပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ်တွေ့ဆုံပွဲ ကျင်းပ

 

မတ်လ ၁၂

ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ် တွေ့ဆုံပွဲအခမ်းအနားအား ယမန်နေ့ (၁၂-၃-၂၀၁၉) ရက်နေ့ နံနက် (၉) နာရီမှ (၁၁) နာရီအထိ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီဝင် ​ဒေါ်ဖြူဖြူ​ကျော်​၊ မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးအုပ်စုများမှ ပါတီဥက္ကဌများနှင့် ကော်မတီဝင်များ၊ သီဟသွေးလူငယ်များ စုံလင်​စွာ တက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရ ပထမဦးစွာ ခရိုင်​​ကော်​မတီဝင်​ ​ဒေါ်ဖြူဖြူ​ကျော်​မှ လတ်​တ​လော နိုင်​ငံ​ရေးအ​ကြောင်းအရာများ ၊ စည်းရုံး​ရေးကိစ္စများကိုလည်း​ကောင်း၊ မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီမှ ပါတီစည်းရုံးရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ လတ်​တ​လောပါတီအသစ်​များ ဖွဲ့စည်းထူ​ထောင်​ကာ ကွင်းဆင်း​နေမှုများကို လည်း​ကောင်း ​ဆွေးနွေးခဲ့ပြီး မြို့နယ်​ကော်​မတီဝင်​များမှလည်း လိုအပ်​သည်​များကို ဖြည့်​စွက်​​ဆွေး​နွေးခဲ့ပြီးနောက် တက်ရောက်လာကြသော ရပ်ကျေးကော်မတီဝင်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြ​ပါသည်​။

Akaris Arthawka