၂ဝ၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ ကျိုင်းတုံနှင့်ချောင်းဆုံမြို့နယ်တို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ အနိုင်ရရှိ

၂ဝ၁၇ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲ၌ ကျိုင်းတုံမြို့နယ်နှင့် ချောင်းဆုံမြို့နယ် တို့တွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံမှ သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်း တုံမြို့နယ် ပြည်နယ်လွှတ်တော်မဲ ဆန္ဒနယ် အမှတ်(၂)တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် ပါတီများမှာ ရှမ်းတိုင်းရင်းသား များ ဒီမိုကရက် တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ အာခါ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီ၊ လားဟူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး မဲဆန္ဒနယ်မြေတွင် ဆန္ဒမဲ ပေးခွင့်ရှိသူ ၅၆၁၃၆ ဦးရှိသည့်အနက် လာရောက်ဆန္ဒ မဲပေးသူ ၂၂၇၆၂ဦးရှိကြောင်း၊ ယင်းဆန္ဒမဲများအနက် ခိုင်လုံသော ဆန္ဒမဲ ၂ဝ၆၂၈ ရရှိခဲ့သည်။

အဆိုပါ ခိုင်လုံသော ဆန္ဒမဲ များအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့်ဦးရှာလမွေ လရှဲန်မှာ ထောက်ခံ မဲ ၇ဝ၂၆ ရာခိုင် နှုန်းအားဖြင့် ၃၄ ဒသမ ဝ၆ ရာခိုင် နှုန်းဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မွန်ပြည်နယ် ချောင်း ဆုံမြို့နယ် ပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည့်ပါတီများမှာ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ၊ မွန် အမျိုးသားပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရက်တစ်ပါတီ၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပြီး မဲဆန္ဒနယ်မြေတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၁၂၆၂၂၅ ဦးရှိ သည့်အနက် လာရောက်ဆန္ဒမဲပေး သူ၄၈၅၃၅ ရှိကြောင်း၊ ယင်းဆန္ဒမဲ များအနက် ခိုင်လုံသော ဆန္ဒမဲ ၄၇ဝ၆၇ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ခိုင်လုံသော ဆန္ဒမဲ များအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးအောင် ကြည်သိန်းသည် ထောက်ခံမဲ ၁၉၆၆၇ ရာခိုင်နှုန်းအားဖြင့် ၄၁ ဒသမ၇ဝရာခိုင်နှုန်းဖြင့် အနိုင်ရရှိ ခဲ့သည်။

နေထက်ဝေ