ဒုတိယအကြိမ်မြောက် အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ အောင်သူ

Police Tero အသင်းမှာ ကစားနေတဲ့ မြန်မာတိုက်စစ်မှူးအောင်သူဟာ ကလပ်အသင်းအတွက် (၂)ဂိုး သွင်းယူပြီးတော့ နိုင်ပွဲရယူပေးနိုင်ခဲ့ပါတယ်။ Port အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အောင်သူဟာ တစ်ကြိမ် ဖန်တီးပေးမှုလည်း ပြုလုပ်နိုင်ခဲ့ပြီး ပွဲစဉ်အလိုက်အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

ပွဲချိန် ၂၆မိနစ်မှာ အောင်သူက အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပြီးတော့ အာရှဖလား ခြေစစ်ပွဲအပြီး ကလပ်အသင်းအတွက် ပြန်လည်ကစားပေးတဲ့ ပွဲမှာ ဂိုးရရှိခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၅၂ မှာလည်း အောင်သူက အသင်းအတွက် တတိယမြောက် ဦးဆောင်ဂိုးကို ပြိုင်ဘက်နောက်ခံလူတွေကြားကနေ သွင်းယူပေးခဲ့ပါတယ်။

Police Tero အသင်းအတွက် အသင်းခေါင်းဆောင်အန်ဒရီက (၂)ဂိုး၊ အောင်သူက (၂) ဂိုး သွင်းယူပေးခဲ့ကြပြီး သူတို့နှစ်ဦးစလုံးဟာ ဂိုးဖန်တီးမှုတစ်ကြိမ်စီလည်း ပြုလုပ်နိုင်ခဲ့ကြပါတယ်။ Man of the Match ဆုကိုတော့ အောင်သူက ရရှိခဲ့တာဖြစ်ပြီး သူ့အတွက် ဒုတိယအကြိမ်မြောက် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ပထမအကြိမ်မှာ တော့ အောင်သူဟာ ကလပ်အသင်းအတွက် ပွဲဦးထွက်ပွဲစဉ်မှာ သွင်းဂိုး (၁) ဂိုးသွင်းယူကာ ရရှီခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း အောင်သူရဲ့ ပြောင်းရွှေ့ကြေးကို အနိမ့်ဆုံး မြန်မာငွေ သိန်း (၆၅၀၀)၊ အမေရိကန်ဒေါ်လာ (၅)သိန်း သတ်မှတ်ထားပြီး ခြေစွမ်းမြင့်တက်လာတာနဲ့အမျှ ပြောင်းရွှေ့ကြေးလည်း မြင့်တက်လာဖို့သာရှိတယ်လို့ ရတနာပုံအသင်းက ထုတ်ပြန်ထားရာ လက်ရှိ အောင်သူရဲ့ ခြေစွမ်းပိုင်းအရဆိုရင် ပြောင်းရွှေ့ကြေးမြင့်တက်လာဖို့ အလားအလာကောင်းများ မြင်တွေ့ရနေပါတယ်။

အောင်သူကတော့ ထိုင်းပရီးမီးယားလိဂ်မှာ ခြောက်ပွဲကစားပေးထားပြီး သွင်းဂိုး (၄)ဂိုး၊ ဂိုးဖန်တီးပေးမှု (၁)ကြိမ်နဲ့ အကောင်းဆုံးကစားသမားဆုကို (၂) ကြိမ် ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် Police Tero အသင်းကတော့ (၈)ပွဲ ကစားပြီးချိန်မှာ ရမှတ် (၇) မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် (၁၅) နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Source and Photo : Police Tero FC