ကမ္ဘာ့ဖလားကာလအတွင်း ယာယီအပစ်အခတ် ရပ်စဲထားရန် FIFA ဥက္ကဋ္ဌ တောင်းဆို

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုက ယူကရိန်းအပေါ်တိုက်ခိုက်နေသည့် ရုရှား၏ကျူးကျော်စစ်နှင့် ပတ်သက်ပြီး ကမ္ဘာ့ဖလားကာလအတွင်း တစ်လတာ ယာယီအပစ်အခတ်ရပ်စဲထားရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ အင်ဖန်တီနိုသည် အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်နေသည့် G20 ထိပ်သီးအစည်းအဝေးတွင် ယင်းကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းက ” ဘောလုံးက အားလုံးကောင်းကျိုးအတွက်ပါ။ ကျွန်တော်တို့ရဲ့ အဓိကအလုပ်က ဘောလုံးအပေါ် အာရုံစိုက်ထားဖို့ဆိုတာကိုလည်း သိပါတယ်။ ဒါပေမဲ့ ဘောလုံးက ကမ္ဘာကို ပေါင်းစည်းနိုင်ပါတယ်။ ရုရှားက ၂၀၁၈ ကမ္ဘာ့ဖလားကို လက်ခံကျင်းပခဲ့ပြီး ယူကရိန်းက ၂၀၃၀ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ လျှောက်ထားပါတယ်။ အခု ကမ္ဘာ့ဖလားက စတော့မှာပါ။ ကမ္ဘာ့ဖလားကာလအတွင်း တစ်လ ယာယီအပစ်အခတ်ရပ်စဲထားဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို တောင်းဆိုပါတယ်”ဟု ပြောကြားခဲ့သည်။