ပြည်​​ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းတာဝန်ခံ ဦးမြင့်စိုး တိုင်းပါတီကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတတ်ရောက်

 

၃၀-၃-၂၀၁၈
မုံရွာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်​ကိုင်းတိုင်း​ဒေသကြီးတာဝန်​ခံ ဦးမြင့်​စိုးနှင့်​ တိုင်းပါတီ​ကော်​မတီဝင်​များ ၊ တိုင်းအရံပါတီ​ကော်​မတီဝင်​များ ၊ ခရိုင်​ပါတီဥက္ကဌများနှင့်​ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးအားယနေ့နံနက်က် (၉)နာရီအချိန်၌ တိုင်းပါတီ​ရုံး အစည်းအ​ဝေးခန်းမတွင်​ ကျင်းပပြု
လုပ်ခဲ့ပါသည်။ အစည်းအဝေးကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း|တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦး| တိုင်းပါတီကော်မတီဝင်များ|တိုင်းအရံပါတီကော်မတီဝင်များ| ခရိုင်(၉)ခရိုင်မှ ပါတီဥက္ကဌများ စုစုပေါင်း (၂၃) ဦးတတ်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ တိုင်းပါတီကော်မတီဝင်များ|အရံပါတီကော်မတီဝင်များ |ခရိုင်ပါတီဥက္ကဌများမှ တစ်ဦးချင်းမိတ်ဆက်ပြီး တိုင်းတာဝန်ခံမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ခရိုင်ပါတီဥက္ကဌများမှ တစ်ဦးချင်းဆွေးနွေးတင်ပြကာ တိုင်းပါတီဥက္ကဌမှ ဖြည့်စွက်ရှင်းလင်းခဲ့ပါသည်။ထို့နောက်တွင် ဗဟိုအလုပ်အမှုဆောင်တိုင်းတာဝန်ခံ ဦးမြင့်စိုးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို နေ့လည် ၂:၃၀မိနစ်အချိန်တွင်
ရုပ်သိမ်းခဲ့ပါသည်။