အိုင်ဗရီကို့စ် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲ မြန်မာနိုင်ငံမှ သက်ထားသူဇာ အနိုင်ရဗိုလ်စွဲ

အာဖရိက ကြက်တောင်အဖွဲ့ချုပ်မှ ကျင်းပသည့် ၂၀၁၉ အိုင်ဗရီကို့စ် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲကို ဇူလိုင် ၄ ရက်မှ ၇ ရက်အထိ ကျင်းပ ခဲ့ရာ မြန်မာ့လက်ရွေးစင်ကြက်တောင်မယ် သက်ထားသူဇာသည် ပါကစ္စတန်၊ အီရန်၊ အိန္ဒိယတို့မှ ကစားသမားများကို ကျော်ဖြတ်ပြီး အနိုင် ရရှိကာ ဗိုလ်စွဲနိုင်ခဲ့ကြောင်း သိရသည်။ ဇူလိုင် ၇ရက်က ကျင်းပသည့် ကြက်တောင်ပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲတွင် မြန်မာကစားသမား သက်ထားသူဇာသည် ကမ္ဘာ့အဆင့် (၈၂)ရှိ အိန္ဒိယနိုင်ငံသူ Sri Krishna Priya Kudaravalli ကို ၂၁-၁၈၊ ၂၁-၁၃ မှတ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရကာ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

သက်ထားသူဇာသည် အဆိုပါပြိုင်ပွဲ၏ ရှုံးထွက်အဆင့်တွင် မောရစ်သျှ နိုင်ငံသူကို နှစ်ပွဲတစ်ပွဲ၊ ကွာတား ဖိုင်နယ်တွင် ပါကစ္စတန် နိုင်ငံသူကို နှစ်ပွဲပြတ်၊ အကြိုဗိုလ်လုပွဲတွင် အီရန်နိုင်ငံသူကို နှစ်ပွဲပြတ်ဖြင့် အနိုင် ရကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး သက်ထားသူဇာသည် နောက်ဆုံးဗိုလ်လုပွဲတွင် အိန္ဒိယနိုင်ငံသူ Sri Krishna Priya Kudaravalli ကို အနိုင်ရပြီး ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။