ပအိုဝ့်အမျိုးသားနေ့အထိမ်းအမှတ်ဘောလုံးပြိုင်ပွဲ ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှတက်ရောက်ဆုချီးမြှင့်

 

ဘားအံ မတ် ၆

ဘားအံမြို့နယ် သာမညကျေး ရွာ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသောအကြိမ် (၂ဝ) မြောက် ပအိုဝ့်အမျိုးသားနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် ကရင် ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်၊ ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ပြည်နယ်ပါတီ အတွင်းရေးမှူးဦးစန်းကို၊ ပြည်နယ် ပါတီကော်မတီဝင် ဦးမင်းငွေထွန်း၊ ဘားအံခရိုင်ပါတီဥက္ကဋ္ဌဦးခွန်အောင် ကျော်မိုးနှင့် ခရိုင်ပါတီကော်မတီ ဝင်များ၊ ဘားအံမြို့နယ်ပါတီဥက္ကဋ္ဌ ဦးစောစိန်ဝင်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ ကြသည်။

ဘောလုံးပြိုင်ပွဲတွင် ပထမဆု ရရှိသော ပအိုဝ့်စာပေနှင့်ယဉ်ကျေး မှု အက်ဖ်စီအသင်းကို ဗဟိုအလုပ် အမှုဆောင် (ကရင်ပြည်နယ် တာဝန်ခံ) ဦးသူရိန်ဇော်က ဆုငွေ ကျပ်ငါးသိန်းနှင့် ဆုဒိုင်း၊ ဆွဲပြား များအားလည်းကောင်း၊ ဒုတိယ ဆုရရှိသော ကော့ကရိတ် ရေကျော် လေးအက်ဖ်စီအသင်းကို ပြည်နယ် ပါတီအတွင်းရေးမှူး ဦးစန်းကိုက ဆုငွေကျပ် သုံးသိန်းနှင့် ဆွဲပြား များအားလည်းကောင်း၊ တတိယ ဆု ပူးတွဲရရှိသော ကျွန်းရွာအက်ဖ် စီအသင်းနှင့်ဝါးဆူးအက်ဖ်စီအသင်း ကိုဘားအံခရိုင်ဥက္ကဋ္ဌ ဦးခွန်အောင် ကျော်မိုးကဆုငွေကျပ် နှစ်သိန်းအား လည်းကောင်း၊ အကောင်းဆုံး ဘောလုံးအသင်းဆုရရှိသောဝါးဆူး အက်ဖ်စီအသင်းကို ဘားအံမြို့နယ် ပါတီဥက္ကဋ္ဌ ဦးစောစိန်ဝင်းက ဆု ငွေကျပ်တစ်သိန်းအားလည်းကောင်း အသီးသီးဆုများ ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားကို ညနေ ၆နာရီ ၁၅ မိနစ်တွင် ရုပ်သိမ်းခဲ့သည်။

crd’