ပြည်ခိုင်ဖြိုးပါတီမှ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်မည်

 

မြစ်ကြီးနား မတ် ၆

ကချင်ပြည်နယ် မြစ်ကြီးနား ခရိုင် ဝိုင်းမော်မြို့တွင် ပြည်ခိုင်ဖြိုး ပါတီမှ ‘လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင် ဆောင်ရွက်ပေးမည်’ဟူသော ရည် ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးသည့် နွေ ရာသီ လူငယ်သင်တန်းဖွင့်ပွဲကို ယမန်နေ့က မြို့နယ်ပါတီဟောခန်း မ၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ မြစ်ကြီးနားခရိုင်ဥက္ကဋ္ဌဦးထွန်းဖေ၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးကျော်ကျော် အောင်နှင့်မြို့နယ်ကော်မတီဝင်များ၊ သင်တန်းသား သင်တန်းသူများ စုစုပေါင်း ၆ဝ ခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။

အဆိုပါ နွေရာသီသင်တန်း တွင် အင်္ဂလိပ်စာဂရမ်မာသင်တန်း၊ အခြေခံစက်ချုပ်သင်တန်းနှင့် မြန် မာ့သိုင်းသင်တန်းတို့ဖြင့်ကဏ္ဍသုံးခု သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြစ်ကြီးနားခရိုင်ပြည်ခိုင်ဖြိုးပါတီ မှ သိရသည်။
”ကျွန်တော်တို့ သင်တန်းကို ကဏ္ဍ သုံးခုခွဲပြီး ဖွင့်လှစ်သွားမှာ ပါ။ ရည်ရွယ်ချက်ကတော့ လူ သားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ဖို့အတွက် ဆောင်ရွက်တဲ့ပါတီရဲ့ ရှေးလုပ်ငန်းစဉ်က ချမှတ်တဲ့မူဝါဒ အရ ဖွင့်လှစ်ပေးတာဖြစ်ပါတယ်” ဟု မြစ်ကြီးနားခရိုင်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးထွန်းဖေကပြောသည်။
ပြည်ခိုင်ဖြိုးပါတီမှ ဖွင့်လှစ် ပေးသည့် ယင်းနွေရာသီသင်တန်း တွင် ဂရမ်မာသင်တန်းသား ၅ဝ၊ မြန်မာ့သိုင်း သင်တန်းသား ၂၆ဦး၊ စက်ချုပ်သင်တန်းသား ၂၂ ဦး စုစု ပေါင်း သင်တန်းသား ၉၈ ဦး တို့ သင်ယူမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါသင်တန်းကို ယခုလ ၅ရက်မှ ဧပြီ ၅ရက်အထိ တစ် လတိတိ ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ပြီး သင်တန်းဆရာ များအဖြစ် အင်္ဂလိပ်စာဂရမ်မာအ တွက် အပြင်ဆရာတစ်ဦး၊ စက် ချုပ်သင်တန်းအတွက် အိမ်တွင်းမှု ဆရာမနှစ်ဦးနှင့် မြန်မာ့သိုင်းပညာ အတွက် မြို့နယ်အား/ကာမှ ဆရာ တစ်ဦးတို့ဖြင့် ဝိုင်းမော်မြို့ရှိ မြို့ နယ်ပါတီဟောခန်းမ၌ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

EPN