အင်းတော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဆိုင်းဘုတ်တင် ပါတီဝင်များနှင့်တွေ့ဆုံ

 

အင်းတော် မတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ် ပုန်းဟုန်ကျေးရွာအုပ်စုနှင့် စီးမော် ကျေးရွာအုပ်စုတို့တွင် ရပ်ကျေးပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီကစတင်ပြုလုပ်ခဲ့သည်။

ရှေးဦးစွာရပ်ကျေးပါတီဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းဖွင့်လှစ် ခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး အလုပ် အမှုဆောင်ကော်မတီဝင် ကသာခရိုင် တာဝန်ခံ ဦးအောင်ကိုစံ၊ ကသာခရိုင်ပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်ဝင်း၊ အတွင်းရေးမှူး ဦးမင်းဇော်မြင့်၊ မြို့နယ်အလုပ်အမှုဆောင် ကော်မတီဝင်ဦးမိုးဆွေဦး၊ မြို့နယ်အရန် ကော်မတီဝင်ဦးညွန့်လှိုင်တို့ကတက်ရောက် လာကြသောပါတီဝင်များအားရေနွေးကြမ်း စကားဝိုင်းဖြင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေး နွေးခဲ့ကြသည်။

ကျော်စွာထွန်း