ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲတက်ရောက်၍ အာဟာရလှူဒါန်း

 

မတ်လ ၁၃

မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင် ကျေးရွာ ရန်ကင်းတောင်ခြေရှိ ဝေနေယျမနောသုခကျောင်းတိုက် တွင် ယမန်နေ့ နံနက်ကပြုလုပ်သော (ရန်ကင်းမြေ)ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနား သို့ မြို့နယ်ပါတီမှ ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်(နယ်မြေမှူး)နှင့် အဖွဲ့ ဝင်များ၊ ရန်ကင်းတောင်ကျေးရွာ ပါတီဥက္ကဋ္ဌဦးအေးမောင်နှင့် ကော် မတီဝင်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင်တက်ရောက် လာသူများကနမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ကျောင်းထိုင် ဆရာတော် ဦးနန္ဒောဘာသထံမှ ငါးပါးသီလခံယူဆောက်တည်ကြ သည်။ ဆက်လက်ပြီး စွန်းလွန်း ကျောင်းဆရာတော် ဦးဘဒ္ဒိယက ဆုံးမသြဝါဒမြွက်ကြားကာ ဦးဝင်း နိုင်ကအမှာစကားပြောကြားခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုခဲ့သည်။

သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၁၂ဝ နှင့် မိဘများ၊ အလှူရှင်များ၊ အင်အား ၁၅ဝတက် ရောက်ခဲ့ပြီး မြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှ အာဟာရကျွေးမွေးလှူဒါန်း ခဲ့သည်။ သင်တန်းကာလမှာ ယနေ့ မှ ဧပြီ ၁၂ရက်အထိ တစ်လတိတိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း နှင့် နှစ်စဉ်ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း သိရသည်။

ရိုးဆန်း