မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ စွမ်းရည်မြင့်တင်ရေး သင်တန်းဆင်းပွဲကျင်းပ

 

မြိတ်၊ မတ် ၃၁

တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဖွင့်လှစ် ကြီးမှူးဖွင့်လှစ်သည့် ” စွမ်းရည်မြင့်တင်ရေး(၁/၂၀၁၉)သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။

အခမ်းအနားကို ယမန်နေ့ မတ်လ (၃၁)ရက်၊ညနေ ၃းဝ၀ အချိန်ခန့်က မြိတ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံး သင်တန်း ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီဝင် ဦးတင်စိုး၊ မြိတ်ခရိုင်ပါတီဥက္ကဌ ဦးဝင်းဆွေ၊ မြိတ်မြို့နယ်ဥက္ကဌ ဦးမိုးမြင့်၊ အတွင်းရေးမှူး ဦးကိုကိုကြီး၊ မြိတ်ခရိုင်နှင့် မြို့နယ် အဆင့်ပါတီကော်မတီဝင်များ ၊ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးများနှင့် ပါတီဝင်များ တက်ရောက် ကြပြီး မြိတ်ခရိုင်ပါတီဥက္ကဌဦးဝင်ဆွေမှသင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် သင်​တန်းတွင် ထူးချွန်ဆုရရှိသည့်သင်​တန်း သူ/သားများအား ပထမ ၊ဒုတိယ ၊တတိယ ဆုများ နှင့် သင်တန်းဆင်းလက်မှတ်များ ကို မြိတ်ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဌများ၊ ကော်မတီဝင်များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ညနေ ၄းဝဝအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

ပြည်ခိုင်ဖြိုးပါတီ – မြိတ်