နှစ်ပေါင်း ၄၀ ကြာထုတ်ယူနိုင်မည့် အကြီးဆုံးရွှေတွင်းကြီး တရုတ်နိုင်ငံတွင်တွေ့ရှိ

တရုတ်နိုင်ငံတွင် ခန့်မှန်းရွှေတန်ချိန် ၃၈၂ ဒသမ ၅၈ တန် ထွက်ရှိနိုင်သည့် အကြီးဆုံးရွှေတွင်းကြီးတစ်ခုကို တရုတ်အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်ရှိ ဆီလင်းဒေသတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၂၂ သန်းတန်ဖိုးရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း ရှန်ဒေါင်းရွှေတူးဖော်ရေးလုပ်ငန်းက ပေကျင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါရွှေတွင်းကြီးသည် တွေ့ရှိခဲ့ဖူးသမျှရွှေတွင်များအနက် အကြီးဆုံးရွှေတွင်းဖြစ်နိုင်မည်ဟု ယုံကြည်ရကြောင်း လည်း သတင်းထုတ်ပြန်ခဲ့သည်ဟု သိရသည်။ တရုတ်သတင်းဌာနများ၏ ဖော်ပြချက်အရ အဆိုပါရွှေတွင်းကြီး၏ ရွှေကြောကြီးသည် ၁ ဒသမ ၂ မိုင်ရှည်လျားပြီး အကျယ်အားဖြင့် သုည ဒသမ ၀၄ မိုင်ရှိပြီး ယင်းရွှေတွင်းကြီးမှ ရွှေများကို နှစ်ပေါင်း ၄၀ ကြာ ထုတ်ယူနိုင်မည်ဟုလည်း သိရသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အမေရိကန်၊ ဂျာမနီ၊ အီတလီ နဲ့ ပြင်သစ်နိုင်ငံတို့ပြီးလျှင် ပဉ္စမမြောက် ရွှေသိုလှောင်သိမ်းဆည်းသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရသည်။ ယခုတွေ့ရှိရသည့် ရွှေတွင်းမှ ထွက်ရှိနိုင်သည့် ရွှေပမာဏသည် တရုတ်နိုင်ငံ၏ အရန်သိုလှောင်ထားရှိသည့် ရွှေတန်ချိန် ၁၈၄၃ တန် ၏ ၂၀% အထိ ရှိနိုင်ကြောင်းလည်း သိရသည်။

-Ref:ChinaDaily