ကံမမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သရက်တပ်နယ် က.ပ.စ (၁၂) တပ်မတော်သားများ ပိုးသတ်ဆေးဖြန်းခြင်းအား ဝိုးင်းဝန်းကူညီခြင်းများ ဆောင်ရွက်

 

ဇွန် ၁၁၊ ကံမ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကံမမြို့နယ်အတွင်း Covid – 19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပြီး ပြည်သူ့အကျိုးအတွက်​ဆောင်ရွက်နေသော အဖွဲ့အစည်းများဖြစ်သည့် တပ်မတော်နှင့် အခြားပရဟိတအဖွဲ့များနှင့်လည်း ကူညီ ဆောင်ရွက်မှုများပြုလုပ်လျက် ရှိပါသည်။

ယနေ့ ၂၀၂၀ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင်လည်း ကံမမြို့နယ် ဆုတောင်းပြည့်ဘုရား၊ ယွန်းကျောင်း ပရိယတ္တိစာသင်တိုက်၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ ရေနံ့သာ အ.ထ.က ကျောင်းနှင့် တောင်စစ်ကိုင်း ဘုန်းတော်ကြီး ကျောင်းများသို့ Covid- 19 ရောဂါကြိုတင်ကာကွယ်ရေးအနေဖြင့် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ပြည်သူလူထု ရောဂါဘေးဘယာမှကင်းဝေးစေရေးအတွက် ဆောင်ရွက်နေသည့် ပိုးသတ်ဆေးဖြန်း လုပ်ငန်းကို သရက်တပ်နယ် က.ပ.စ (၁၂) မှ တပ်မတော်သားများနှင့် ကံမမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဋ္ဌ ဦးတင်ဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီကော်မတီဝင်များမှ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။