အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ဆိုင်သောသိကောင်းစရာများဟောပြောဆွေးနွေး

တောင်ကြီး ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်ခိုင်ဖြိုးပါတီပြည်နယ် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းဆိုင်နွမ်းသည် ရှမ်းပြည်နယ်တောင်ပိုင်း မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေး သူငယ်များဘဝမြှင့်တင်ရေးအသင်းနှင့်အတူ ခိုင်မေတ္တာအကူသူနာပြုသင်တန်းကျောင်းသို့ သွားရောက်ပြီးအမျိုးသမီးများ၊ ကလေးသူငယ်များနှင့်သက်ဆိုင်သော သိကောင်းစရာများ ဟောပြောဆွေးနွေးခဲ့ပါသည်။