မြစ်သား ဒီဇင်ဘာ ၎
၎-၁၂-၂၀၂၃ ရက်နေ့ ၀၉:၀၀မှ၁၁:၃၀ အချိန်ထိ ​မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် အစိမ်းရောင်စီမံချက်(Project Cycle Management) လုပ်ငန်းစဉ်အဖြစ် အမျိုးသမီးရေးရာ စကားဝိုင်းနှင့်အမျိုးသမီး ပါတီဝင်အသစ်များ ပါတီဝင်လျောက်လွှာ ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားအား တက်ရောက်လာသူများက နိုင်ငံတော်အလံအလေးပြုကာ နိုင်ငံတော်သီချင်းသီဆို ဖွင့်လှစ်ခဲ့ပါသည်။ ၎င်းနောက် ပါတီဗဟို ဦးအောင်ကျော်မိုးက အလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ပြည်ခိုင်ဖြိုးအသင်းကြီး ဖွဲ့စည်းပေါ်ပေါက်လာပုံနှင့်ပြည်ခိုင်ဖြိုးအသင်းကာလက နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးဆောင်ရွက်ခဲ့မှုများ၊နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် သမိုင်းကြောင်း ဖြစ်စဉ်များ၊ပြည်ခိုင်ဖြိုးပါတီအား နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးသယ်ပိုးဆောင်ရွက်ရန်၊အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊နိုင်ငံတော်၏ ဦးဆောင်မှု အခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်မှု မြှင့်တင်ရေးအတွက် အရည်အချင်း ပြည့်ဝသော အမျိုးသမီးများ ဖြစ်လာစေရန်၊ပြောရေး ဆိုစ ရှိလာစေရန် ရည်ရွယ်ချက်ဖြင့် အမျိုးသမီးရေးရာ စကားဝိုင်း ကျင်းပခြင်းဖြစ်ကြောင်း၊ယနေ့စကားဝိုင်းတွင် တက်ရောက်လာသည့် အမျိုးသမီးများအနေဖြင့် ခေါင်းစဉ်ပါ အကြောင်းအရာများကို လွတ်လပ် ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသွားကြစေလိုကြောင်း၊အမျိုးသမီးများအား လေ့ကျင့် ပြုစု ပျိုးထောင်ပေးရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲဖြစ်၍ အမျိုးသမီးအားလုံး ပါဝင်ဆွေးနွေးပေးကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင်၊အောက်မြန်မာပြည် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်ရွှေမြင့်က ပါတီဗဟိုဌာနချုပ်မှ လူငယ်/အမျိုးသမီးပါတီဝင်အင်အား တိုးပွားရေးအတွက် အစိမ်းရောင်စီမံချက်(PCM)ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊စည်းရုံးရရှိသည့် ပါတီဝင်အသစ်များထဲမှ လက်ဆင့်ကမ်းတာဝန် ထမ်းဆောင်နိုင်မည့် အမာခံကေဒါများ ရွေးချယ်၍ လေ့ကျင့်၊ပညာပေးရေး ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
====================
မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် အမျိုးသမီးရေးရာစကားဝိုင်း ပြုလုပ်
**********************************
မြစ်သား ဒီဇင်ဘာ ၄
၄-၁၂-၂၀၂၃ ရက်နေ့ ၀၉:၀၀မှ၁၁:၃၀ အချိန်ထိ ​မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် အစိမ်းရောင်စီမံချက်(Project Cycle Management) လုပ်ငန်းစဥ်အဖြစ် အမျိုးသမီးရေးရာ စကားဝိုင်းနှင့်အမျိုးသမီး ပါတီဝင်အသစ်များ ပါတီဝင်လျောက်လွှာ ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှုး၊အမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာစန်းစန်းနွယ်၊ပါတီဗဟိုအလုပ်အမှုဆောင်၊အောက်မြန်မာပြည် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်ရွှေမြင့်၊ပါတီဗဟိုအလုပ် အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊တိုင်းဒေသကြီးပါတီကော်မတီဝင်၊အမျိုးသမီးရေးရာကဏ္ဍတာဝန်ခံ ဒေါ်သန်းသန်းအေး၊တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးကျော်စန်း၊ဦးစန်းမြင့်၊ကျောက်ဆည်ခရိုင်ပါတီဥက္ကဌ ဦးအောင်မြင့်သန်း၊အတွင်းရေးမှုး ဒေါ်သီသီကျော်၊မြစ်သားမြို့နယ်ပါတီဥက္ကဌ ဦးအောင်ကြည်၊အတွင်းရေးမှုး ဦးသန်းဦးနှင့်ကော်မတီဝင်များ၊မြို့နယ်ပါတီ အထောက်အကူပြု အဖွဲ့ဝင်များ၊အမျိုးသမီးပါတီဝင်များ၊First Time Voters များ၊စုစုပေါင်းအင်အား ၂၀၀ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားအား တက်ရောက်လာသူများက နိူင်ငံတော်အလံအလေးပြုကာ နိူင်ငံတော်သီချင်းသီဆို ဖွင့်လှစ်ခဲ့ပါသည်။ ၎င်းနောက် ပါတီဗဟို ဦးအောင်ကျော်မိုးက အလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ပြည်ခိုင်ဖြိုးအသင်းကြီး ဖွဲ့စည်းပေါ်ပေါက်လာပုံနှင့်ပြည်ခိုင်ဖြိုးအသင်းကာလက နိူင်ငံတော်နှင့်နိူင်ငံသားများ အကျိုးဆောင်ရွက်ခဲ့မှုများ၊နိူင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် သမိုင်းကြောင်း ဖြစ်စဥ်များ၊ပြည်ခိုင်ဖြိုးပါတီအား နိူင်ငံတော်နှင့်နိူင်ငံသားများ အကျိုးသယ်ပိုးဆောင်ရွက်ရန်၊အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊နိူင်ငံတော်၏ ဦးဆောင်မှု အခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်မှု မြှင့်တင်ရေးအတွက် အရည်အချင်း ပြည့်ဝသော အမျိုးသမီးများ ဖြစ်လာစေရန်၊ပြောရေး ဆိုစ ရှိလာစေရန် ရည်ရွယ်ချက်ဖြင့် အမျိုးသမီးရေးရာ စကားဝိုင်း ကျင်းပခြင်းဖြစ်ကြောင်း၊ယနေ့စကားဝိုင်းတွင် တက်ရောက်လာသည့် အမျိုးသမီးများအနေဖြင့် ခေါင်းစဥ်ပါ အကြောင်းအရာများကို လွတ်လပ် ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသွားကြစေလိုကြောင်း၊အမျိုးသမီးများအား လေ့ကျင့် ပြုစု ပျိုးထောင်ပေးရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲဖြစ်၍ အမျိုးသမီးအားလုံး ပါဝင်ဆွေးနွေးပေးကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင်၊အောက်မြန်မာပြည် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်ရွှေမြင့်က ပါတီဗဟိုဌာနချုပ်မှ လူငယ်/အမျိုးသမီးပါတီဝင်အင်အား တိုးပွားရေးအတွက် အစိမ်းရောင်စီမံချက်(PCM)ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များ၊စည်းရုံးရရှိသည့် ပါတီဝင်အသစ်များထဲမှ လက်ဆင့်ကမ်းတာဝန် ထမ်းဆောင်နိူင်မည့် အမာခံကေဒါများ ရွေးချယ်၍ လေ့ကျင့်၊ပညာပေးရေး ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ အစိမ်းရောင်စီမံချက်အရ တိုးချဲ့စည်းရုံးရရှိသည့် မြစ်သားမြို့နယ်မှ အမျိုးသမီးပါတီဝင်အသစ် ၁၂၀ဦး၏ ပါတီဝင်လျောက်လွှာများအား မြို့နယ်ပါတီဥက္ကဌ ဦးအောင်ကြည်နှင့်မြို့နယ်ကော်မတီဝင် အမျိုးသမီးရေးရာကဏ္ဍတာဝန်ခံ ဒေါ်ခင်စန်းဝင်းတို့က ပေးအပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီကော်မတီဝင်၊အမျိုးသမီးရေးရာကဏ္ဍတာဝန်ခံ ဒေါ်သန်းသန်းအေးတို့က လက်ခံရယူခဲ့ကြပါသည်။
၎င်းနောက် တက်ရောက်လာသည့် အမျိုးသမီးများအား အစုအဖွဲ့ ၂ဖွဲ့ခွဲ၍ အစုအဖွဲ့အလိုက် သတ်မှတ်ထားသည့် ခေါင်းစဥ်ဖြင့် စုဖွဲ့ဆွေးနွေးခဲ့ကြပါသည်။ထိုသို့ ဆွေးနွေးရာတွင် အစုအဖွဲ့(၁)တွင် ပါဝင်သည့် အမျိုးသမီးများက ၂၀၂၀-ရွေးကောက်ပွဲအလွန် လက်ရှိနိူင်ငံရေး အခြေအနေများအပေါ် အမျိုးသမီးအင်အားစုများ၏ သဘောထားအမြင် ခေါင်းစဥ်ဖြင့်လည်းကောင်း၊အစုအဖွဲ့(၂)တွင် ပါဝင်သည့် အမျိုးသမီးများက​ ပြည်ခိုင်ဖြိုးပါတီအပေါ် အမျိုးသမီးအင်အားစုများ၏ သဘောထားအမြင် ခေါင်းစဥ်ဖြင့်လည်းကောင်း အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ၎င်းနောက် အစုအဖွဲ့များက ဆွေးနွေးတွေ့ရှိချက်များအပေါ် အစုအဖွဲ့တစ်ခုစီမှ အမျိုးသမီးတစ်ဦးစီက တင်ပြဆွေးနွေးခဲ့ကြပါသည်။
၎င်းနောက် ပါတီဗဟို အတွင်းရေးမှုး၊အမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာစန်းစန်းနွယ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပါတီဗဟိုဌာနချုပ်မှ ဆောင်ရွက်လျက်ရှိသော ရေတို/ ရေရှည်စီမံချက်များ၊အစိမ်းရောင်စီမံချက်(PCM)လုပ်ငန်းစဥ်များ၊ပြည့်မဏ္ဍိုင်ကဏ္ဍ လုပ်ငန်းစဥ်များအား ဖြည့်စွက်ရှင်းလင်းပြောကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ပါသည်။