နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီစုံညီ အစည်းအဝေးပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၀

နေပြည်တော်ပြည်ထောင်စုနယ်မြေ လစဉ်စုံညီ အစည်းအဝေးပွဲအား နေပြည်တော် ပြည်ထောင်စုနယ်မြေ တိုင်းရုံး၌ ယနေ့ မွန်းလွှ (၁)နာရီမှ(၄)နာရီ အထိကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးအား ပြည်ထောင်စုနယ်မြေပါတီဥက္ကဌ ဦးလှဆွေနှင့် ပါတီနာယကကြီးများ ကော်မတီဝင်များ ခရိုင်ပါတီဥက္ကဌများ ရှစ်မြို့နယ်မှပါတီ ဥက္ကဌများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုနယ်မြေပါတီဥက္ကဌ ဦးလှဆွေမှ  ၂/၂၀၂၃ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေး၏ လမ်းညွှန်ချက်များကိုချပြဆွေးနွေးခဲ့ပြီ မြို့နယ် အသီးသီးရှိ ပါတီဥက္ကဌများမှ တစ်လအတွင်း ပါတီလှုပ်ရှားမှုများအား ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရပါသည်။