
ဒီဇင်ဘာ ၄၊ နေပြည်တော်



===============

ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ နေ့ဆွမ်းဆက်ကပ် လှူဒါန်း
***********************

ဒီဇင်ဘာ ၄၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပါတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ အထွေအထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး တို့နှင့်အတူ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ရင်ပြင်ရှိ ဓမ္မာရုံ၌ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲတွင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်နေကြသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲတွင် နေ့ဆွမ်းအလှူကို (၄)ရက် ဆက်ကပ်လှူဒါန်းမည်ဖြစ်ပါသည်။