တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးဥာဏ်လင်း အိမ်မဲမြို့သို့ ရောက်ရှိ

 

ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးဥာဏ်လင်းနှင့် အဖွဲ့ဝင် များသည် ဧပြီလ ၃၀ ရက် နံနက် ၉ နာရီ အချိန်က အိမ်မဲမြို့ရှိ အိမ်မဲမြို့ တည် သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရားသို့ ရောက်ရှိကာ ဦးခိုက် ကြည်ညို၍ ရွှေသင်္ကန်းကပ်လှူခြင်း ဝတ္ထုငွေလှူဒါန်းခြင်းများကို ပြုလုပ်ခဲ့ ပြီးနောက် မြို့နယ်ပါတီပါရုံးသို့ရောက်ရှိကာ မြို့နယ်ပါတီ ဥက္ကဌ ၊ အတွင်းရေးမှူး ၊ ဘဏ္ဍာရေးမှူး ၊ မြို့နယ်ပါတီကော်မတီဝင်များ ပါတီရုံး ဝန်ထမ်းများ နှင့် တွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့ကြောင်း ၊ ထိုသို့ ပြောကြားရာတွင် ပါတီဝင်အင်အားများ ပြန်လည် စိစစ်ရေးမြို့နယ် နှင့် ရပ်ကျေးပါတီကော်မတီဝင် ဖွဲ့စည်းမှုအဆင့်ဆင့် ကျစ်လစ်ခိုင်မာစေ ရေး အလေးထားဆောင်ရွက်ရန် ပါတီဝင်ကြေးနှင့် ပါတီနှစ်စဉ်ကြေးများ ကောက်ခံရာတွင် စနစ်တကျကောက်ခံ၍ ပါတီ၏ ငွေကြေးဆိုင်ရာမူဝါဒ နှင့်အညီ အလေးအနက်ထားကာ တိတိကျကျ ဆောင်ရွက်ရေး စသည် တို့ကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

USDP EINME