ျပည္ေထာင္စုႀကံ့ခိုင္‌ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္ေအး၊ ရွမ္းျပည္နယ္ ( ေတာင္ပိုင္း ) ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီ ျပည္နယ္ / ခရိုင္ / ၿမိဳ႕နယ္ေကာ္မတီဝင္မ်ားႏွင့္ေတြ႕ဆုံ

ေတာင္ႀကီး ဒီဇင္ဘာ ၂

( ၂. ၁၂. ၂၀၂၃ ) ရက္ေန႔ မြန္းလြဲ ( ၂: ၄၅ ) နာရီအခ်ိန္တြင္ ရွမ္းျပည္နယ္ ( ေတာင္ပိုင္း ) ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ ၿဖိဳးေရးပါတီ ျပည္နယ္အစည္းအေဝးခန္းမ၌ ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးႏွင့္ ျပည္နယ္/ ခရိုင္ / ၿမိဳ႕နယ္ေကာ္မတီဝင္မ်ား ေတြ႕ဆုံပြဲျပဳလုပ္ခဲ့ပါသည္။

ေတြ႕ဆုံပြဲတြင္ ပါတီအေထြေထြအတြင္းေရးမႉးမွ ေတြ႕ဆုံပြဲတက္ေရာက္လာၾကသူမ်ားအား ႏႈတ္ဆက္အမွာစကားေျပာၾကားၿပီး ၊ ျပည့္မ႑ိဳင္စီမံခ်က္ေဆာင္ရြက္ေနမႈကိစၥရပ္မ်ား ၊ Project Cycle Management စီမံခ်က္ေဆာင္ရြက္မႈႏွင့္ အစိမ္းေရာင္စီမံခ်က္ ( PCM ) ေဆာင္ရြက္မႈကိစၥရပ္မ်ား ၊ ပါတီဝင္အင္အားက်စ္လစ္ခိုင္မာေရးႏွင့္ ပါတီဝင္အင္အားစိစစ္ေရးဆိုင္ရာကိစၥရပ္မ်ား ၊ ပါတီေရွ႕ဆက္ေဆာင္ရြက္ရမည့္ လုပ္ငန္းစဥ္မ်ားအား အေသးစိတ္ရွင္းလင္း ေဆြးေႏြးခဲ့ပါသည္။

ျပည္နယ္ပါတီ ဥကၠ႒ ဦးစိုင္းလုံေက်ာ္ႏွင့္ ျပည္နယ္ေကာ္မတီဝင္မ်ားမွ သက္ဆိုင္ရာက႑အလိုက္တင္ျပေဆြးေႏြးခဲ့ပါသည္။ ၎ေနာက္ ေတာင္ႀကီးခရိုင္ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ႏွင့္ ေတာင္ႀကီးၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ တို႔မွ ခရိုင္ / ၿမိဳ႕နယ္လႈပ္ရွားေဆာင္ရြက္ေနမႈတို႔အား တင္ျပေဆြးေႏြးခဲ့ပါသည္။

ပါတီအေထြေထြအတြင္းေရးမႉးမွ တင္ျပေဆြးေႏြးမႈအား ျပန္လည္ရွင္းလင္းေဆြးေႏြးခဲ့ၿပီး ေတြ႕ဆုံ‌ပြဲအား ညေန ( ၄:၃၀ ) နာရီအခ်ိန္တြင္ ႐ုတ္သိမ္းခဲ့ပါသည္။ ယေန႔ေတြ႕ဆုံပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီအေထြေထြအတြင္းေရးမႉး ၊ ရွမ္းျပည္နယ္ ( ေတာင္ပိုင္း ) ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ႏွင့္ ျပည္နယ္ေကာ္မတီဝင္မ်ား ၊ ေတာင္ႀကီးခရိုင္ပါတီ ဥကၠ႒ ႏွင့္ေကာ္မတီဝင္မ်ား ၊ ေတာင္ႀကီးၿမိဳနယ္ပါတီ ဥကၠ႒ ႏွင့္ေကာ္မတီဝင္မ်ား စုစုေပါင္း ( ၂ ၂ ) ဦး တက္ေရာက္ခဲ့ေၾကာင္းသိရွိရပါသည္။

====================

ပြည်ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်အေး၊ ရှမ်းပြည်နယ် ( တောင်ပိုင်း ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ် / ခရိုင် / မြို့နယ်ကော်မတီဝင်များနှင့်တွေ့ဆုံ
=================

တောင်ကြီး ဒီဇင်ဘာ ၂

( ၂. ၁၂. ၂၀၂၃ ) ရက်နေ့ မွန်းလွဲ ( ၂: ၄၅ ) နာရီအချိန်တွင် ရှမ်းပြည်နယ် ( တောင်ပိုင်း ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ပြည်နယ်အစည်းအဝေးခန်းမ၌ ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့် ပြည်နယ်/ ခရိုင် / မြို့နယ်ကော်မတီဝင်များ တွေ့ဆုံပွဲပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပါတီအထွေထွေအတွင်းရေးမှူးမှ တွေ့ဆုံပွဲတက်ရောက်လာကြသူများအား နှုတ်ဆက်အမှာစကားပြောကြားပြီး ၊ ပြည့်မဏ္ဍိုင်စီမံချက်ဆောင်ရွက်နေမှုကိစ္စရပ်များ ၊ Project Cycle Management စီမံချက်ဆောင်ရွက်မှုနှင့် အစိမ်းရောင်စီမံချက် ( PCM ) ဆောင်ရွက်မှုကိစ္စရပ်များ ၊ ပါတီဝင်အင်အားကျစ်လစ်ခိုင်မာရေးနှင့် ပါတီဝင်အင်အားစိစစ်ရေးဆိုင်ရာကိစ္စရပ်များ ၊ ပါတီရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့် ပြည်နယ်ကော်မတီဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက်တင်ပြဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် တောင်ကြီးခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ နှင့် တောင်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ တို့မှ ခရိုင် / မြို့နယ်လှုပ်ရှားဆောင်ရွက်နေမှုတို့အား တင်ပြဆွေးနွေးခဲ့ပါသည်။

ပါတီအထွေထွေအတွင်းရေးမှူးမှ တင်ပြဆွေးနွေးမှုအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး တွေ့ဆုံ‌ပွဲအား ညနေ ( ၄:၃၀ ) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ ယနေ့တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအထွေထွေအတွင်းရေးမှူး ၊ ရှမ်းပြည်နယ် ( တောင်ပိုင်း ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ နှင့် ပြည်နယ်ကော်မတီဝင်များ ၊ တောင်ကြီးခရိုင်ပါတီ ဥက္ကဋ္ဌ နှင့်ကော်မတီဝင်များ ၊ တောင်ကြီးမြိုနယ်ပါတီ ဥက္ကဋ္ဌ နှင့်ကော်မတီဝင်များ စုစုပေါင်း ( ၂ ၂ ) ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။