ဒဂုံတောင်ပြည်ခိုင်ဖြိုးထမနဲထိုးပြိုင်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမှ (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲကို ဒဂုံတောင် (၇ဝ)ရပ်ကွက်ဝင်းအတွင်း ကျင်းပရာ ဒဂုံတောင်မြို့ နယ် (၃၂)  ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီအဖွဲ့ဝင်များ ၊ပရဟိတအဖွဲ့များ၊ သီရီမင်္ဂလာကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ စုပေါင်းပြိုင်ပွဲဝင်ယှဉ်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီမှ          စတင်၍ကျင်းပသည်။ အဆိုပါထမနဲထိုးပြိုင်ပွဲသို့ ရန်ကုန် တိုင်းပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဗဟိုကော်မတီဝင် ဦးသာဝင်း၊ ဗဟိုကော်မတီဝင်နယ်မြေတာဝန်ခံ ဒေါ်စန်းစန်းဝင်းနှင့် တိုင်းပါတီ           ကော်မတီဝင် ဒေါ်အေးအေးမြင့်၊ ခရိုင်အတွင်းရေးမှူး ဒေါ်ဇာခြည် လင်းနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များတက်ရောက်၍ စုပေါင်း ဆောင်ရွက်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကိုထက်လင်းမိသားစု မှ ဒေါက်တာခင်မောင်ထွန်းနှင့်ဇနီးနှင့် တာဝန်ရှိသူအသီးသီးက  ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဇော်မင်းထွဏ်း(ဒဂုံတောင်)