မန္တလေးတိုင်းဒေသကြီး ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

14720374_1096417223787093_1662561589364682163_n

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ အောက်တိုဘာ (၁၂) ရက်နေ့ နံနက်(၈)အချိန်တွင် ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ မန္တလေးခရိုင်ပါတီဥက္ကဌ ဦးဘိုသင်း၊ ခရိုင်အတွင်းရေးမှူး ဦးကျော်စန်း၊ ခရိုင်ကော်မတီဝင်များ၊ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ မြို့နယ်ပါတီဥက္ကဌများ၊ မြို့နယ် ပါတီအတွင်းရေးမှူးများနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဗဟိုအတိုင်ပင်ခံမှ အဖွင့် နှုတ်ခွန်းဆက်ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြတ်သူမှ သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

#ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


Leave a Reply