ကယားပြည်နယ်ဘောလခဲမြို့နယ်တွင် J.K.T ကြိုးတံတားဖွင့်ပွဲကျင်းပ

ကယားပြည်နယ် ဘောလခဲမြို့နယ် ရေနီပေါက်ကျေးရွာတွင် အောက်တိုဘာ (၁၂) ရက်နံနက် ၈နာရီက J.K.T ကြိုး တံတားဖွင့်ပွဲအခမ်းအနား ကျင်းပရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းနှင့် တံတား အလှူရှင် ဦးမျိုးသန့်နှင့် ရပ်မိရပ်ဖ ဒေါ်နန်းဟိမ်းခမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

kayah-bridge

အခမ်းအနားသို့ ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းနှင့် ဦးကျော်သန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုးရယ်နှင့် ဦးအေးရွှေ၊ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းနှင့် ပြည်နယ်အဖွဲ့ဝင်များ၊ ဘောလခဲခရိုင်နှင့် ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ကျေးရွာလူထုများ စုစုပေါင်း အင်အား ၃ဝဝ ကျော် တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ဗျားမြာမောင်


Leave a Reply