ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ရန်ကုန်တိုင်းမှလူငယ်နှင့် အမျိုးသမီးရေးရာတာဝန်ခံများနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည် ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်အရှေ့ ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များမှ လူငယ်တာဝန်ခံများနှင့်အမျိုးသမီး ရေးရာ တာဝန်ခံများ၏လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့်တွေဆုံပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အတွင်းရေးမှူး ဒေါက်တာဒေါ်စန်း စန်းနွယ်၊ ဗဟိုကော်မတီဝင် ရန်ကုန် တိုင်းဒေသကြီး ပါတီကော်မတီဝင် (လူငယ်တာဝန်ခံ)ဒေါ်သင်းသင်းမိုး၊ အရန်ဗဟိုကော်မတီဝင် ရန်ကုန် အရှေ့ပိုင်းခရိုင်ပါတီဥက္ကဋ္ဌဦးစိန်မြင့်၊ ခရိုင်ကော်မတီဝင်(လူငယ်နှင့်အမျိုး သမီးရေးရာတာဝန်ခံ)ဒေါ်ဇာခြည် လင်း၊ ခရိုင်အရန်ကော်မတီဝင် (လူငယ်တွဲဖက်တာဝန်ခံ)ဦးနေလင်း သိန်း၊ ခရိုင်အရန်ကော်မတီဝင် ဦးခင်မောင်ဌေး၊ ရန်ကုန်အရှေ့ပိုင်း ခရိုင် မြို့နယ်များမှလူငယ်တာဝန်ခံ လူငယ်ရေးရာအဖွဲ့များနှင့်အမျိုးသမီး ရေးရာတာဝန်ခံများ စုစုပေါင်း အင်အား ၉ဝ တို့ တက်ရောက်ခဲ့ ကြသည်။
အစီအစဉ်အရ ဗဟိုအတွင်း ရေးမှူးဒေါက်တာဒေါ်စန်းစန်းနွယ် က မြို့နယ်အလိုက်ဆောင်ရွက်ကြ မည့် လုပ်ငန်းစဉ်များကို တက် ရောက်လာကြသူ အမျိုးသမီးနှင့် လူငယ်အဖွဲ့များက ကျရာနေရာမှ ဆက်လက်တာဝန်ယူဆောင်ရွက်ကြ ရန်၊ ရွေးကောက်ပွဲကို အားငယ်နေ စရာမလိုဘဲရှေ့ဆက်ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များကိုအားထည့် ဆောင်ရွက်ကြရန်၊ ပရဟိတ လုပ်ငန်းစဉ်များဆောင်ရွက်ရင်း ဖြင့် ပါတီလှုပ်ရှားမှုများရှင်သန် သက်ဝင်ပြီးပြည်သူ့အကျိုးကို ဆ တက်ထမ်းပိုးဆောင်ရွက်နိုင်ကြရန် တိုက်တွန်းပြောကြားခဲ့သည် ဗဟို ကော်မတီဝင်တိုင်း(လူငယ်တာဝန်ခံ) ဒေါ်သင်းသင်းမိုးက လုပ်ငန်းလမ်း ညွှန်မှာကြားရာတွင် ပါတီဖွဲ့စည်း ပုံများ ပြည့်မီဖွဲ့စည်းထားရေး၊ ပါတီအဆင့်ဆင့်မှလမ်းညွှန်မှုများ ကို အလေးအနက်လိုက်ပါ ဆောင် ရွက်ရေးတို့ကို မှာကြားခဲ့သည်။ ဗဟိုအရန်ကော်မတီဝင် အရှေ့ပိုင်း ခရိုင်ဥက္ကဋ္ဌဦးစိန်မြင့်က လူငယ်များ အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ တွင် မိမိတို့ကျရာကဏ္ဍမှ ပါဝင် ဆောင်ရွက်ခဲ့မှုကို အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း၊ ပါတီ၏လှုပ် ရှားမှုသည်ပါတီ၏ အမျိုးသမီးနှင့် လူငယ်လှုပ်ရှားမှုပင်ဖြစ်ပါကြောင်း၊ ၂ဝ၂ဝပါတီအောင်နိုင်ရေး၏ ပထမ ခြေလှမ်းအဖြစ် ခံယူဆောင်ရွက်ရ မည်ဖြစ်ကြောင်း အားပေးပြော ကြားခဲ့သည်။ ထို့နောက် ခရိုင် လူငယ်တာဝန်ခံဒေါ်ဇာခြည်လင်း ကလူငယ်ရေးရာနှင့်အမျိုးသမီးရေး ရာလှုပ်ရှားဆောင်ရွက်မှု၊ဆောင် ရွက်ရန်လျာထားမှုအပေါ် သုံးသပ် တင်ပြခဲ့သည်။ တက်ရောက်လာ ကြသူလူငယ်နှင့်အမျိုးသမီးတာဝန်ခံ များက မိမိတို့မြို့နယ်များအလိုက် ဆောင်ရွက်နေမှုများ၊ ဆောင်ရွက် ရန် လျာထားမှုများကို တင်ပြခဲ့ပြီး ဗဟိုအတွင်းရေးမှူးက နိဂုံးချုပ် စကားပြောကြားကာ တွေဆုံပွဲကို မွန်းလွဲ ၃ နာရီတွင် ပြီးဆုံးခဲ့ ကြောင်း သိရသည်။

အေးမင်းဇော်(မြောက်ဥက္ကလာ)