ကျေးဇူးတင်လွှာ

 

၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် အမှတ်(၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာများတွင် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပြီး အဓိက ပြိုင်ဘက်ထက် ထောက်ခံမှုပိုမိုရရှိခဲ့ပါသည်။ အလားတူ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် အခြားနေရာများတွင်လည်း ၂ဝ၁၅ ရွေးကောက်ပွဲထက် ပြည်သူတို့၏ ထောက်ခံဆန္ဒမဲ ပိုမိုရရှိခဲ့ပါသည်။
သို့အတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသော ရပ်မိရပ်ဖများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ အခြားနိုင်ငံရေးပါတီများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များနှင့် ပြည်ခိုင်ဖြိုး ပါတီအပေါ် ယုံကြည်ကိုးစားမှုပိုမိုထားရှိလာသည့် ပြည်သူတစ်ရပ်လုံးတို့ကို အထူးကျေးဇူးတင်ရှိပါသည်။
မိမိတို့ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းပါ ရည်မှန်းချက်၊ ယုံကြည်ချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်၊ သဘောထားဆိုင်ရာ ကတိကဝတ်များနှင့်အညီ အမိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်အဖြစ် ထာဝစဉ်ရပ်တည်နိုင်ရေး၊ တိုင်းရင်းသားပြည်သူအားလုံး၏ ဘဝလုံခြုံရေး၊ စားဝတ်နေရေးနှင့် လူမှုရေးလိုအပ်ချက်များ ပြည့်စုံရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကျင့်စဉ်ပါ အခွင့် အရေးများ ရရှိခံစားနိုင်ရေးတို့အတွက် ပြည်သူများ၏ ထောက်ခံအားပေးမှုနှင့်အတူ အစဉ်တစိုက် လက်တွဲ ပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လေးနက်တည်ကြည်စွာ ကတိပြုအပ်ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ