မြောက်ဥက္ကလာပ ပြည်ခိုင်ဖြိုးအမာခံပါတီဝင်၁ဝ၁ ကြိမ်မြောက် သွေးလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်အမာခံပါတီကော်မတီဝင် ဦးသိန်းလွင်သည် ယမန်နေ့နံနက် ၁ဝ နာရီက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်တွင် (၁ဝ၁)ကြိမ်မြောက် သွေးလှူဒါန်းရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးတင်လှိုင်၊ ဦးတင်ဝင်း၊ အရန်ဗဟိုကော်မတီဝင်ဦးစိန်မြင့်နှင့် ပါတီဝင် များက သွားရောက်အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အေးမင်းဇော် (မြောက်ဥက္ကလာ)