နိုင်ငံအတွက် လိုအပ်လာပြီဆိုရင် ပြည်သူတွေနဲ့ ပူးပေါင်းဖို့ အသင့်ရှိနေပါတယ်

14606352_562767597245730_8628962225249743482_n

ကျွန်တော်တို့ပါတီအနေနဲ့လည်း ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ထားပါတယ်။ ကျွန်တော်တို့ ထုတ်ပြန်ချက်ကို အပိုင်း ၃ ပိုင်းနဲ့ ထုတ်ပြန်ထားတာပါ။  ပထမအပိုင်းက ဖြစ်စဉ်ပေါ့။ ဘယ်နေရာမှာ ဘာတွေဖြစ်သွားတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ပါ။ တရားဝင် သတင်းထုတ်ပြန်ချက်တွေက ရတဲ့အချက်အလက်တွေအတိုင်းပဲ ထုတ်ပြန်ထား ပါတယ်။ နောက်တစ်ခုက ကျဆုံးခဲ့ရတဲ့ ဝန်ထမ်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်။ အခုလိုဖြစ်သွားတဲ့ အကြမ်းဖက်ဖြစ်စဉ်ကို ကျွန်တော်တို့အနေနဲ့ ရှုတ်ချပါတယ်။

နောက်ပြီးတော့ အစိုးရကိုလည်း တိုက်တွန်းချင်ပါတယ်။ ဒီကိစ္စက စနစ်တကျကြံစည်ပြီး လုပ်ဆောင်သွားတာလို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ စခန်း ၃ ခုကို တစ်ပြိုင်နက်သိမ်းတာ၊ လူခြေတိတ်တဲ့အချိန်တွေကို ရွေးလုပ်တာ၊ စခန်းတွေမှာ အဓိကကျတဲ့ လက်နက်တိုက်ကို တိုက်ခိုက်တာတွေဟာ စစ်ရေးစစ်ရာတွေမှာ အတွေ့အကြုံရှိတဲ့သူတွေ လုပ်လေ့လုပ်ထရှိတဲ့ ပုံစံမျိုးဖြစ်နေတယ်လို့ မြင်ပါတယ်။ အချိန်ကိုက် စီမံထားတာတွေ ပါနေတယ်လို့ ထင်တယ်။ ဒါ့ကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ဆောလျင်စွာ အဖြစ်မှန်ကို ဖော်ထုတ်ပေးသွားဖို့ တိုက် တွန်းချင်ပါတယ်။ ဒီကိစ္စက သမားရိုးကျဖြစ်ချင်မှဖြစ်မှာပါ။ နောက်ကွယ်မှာ ဘာတွေရှိနေနိုင်မလဲ
ကျွန်တော်တို့မသိနိုင်ပါဘူး။ ဒါကြောင့်မို့လို့ အမြန်ဆုံး ဖော်ထုတ်ပေးပါလို့ တောင်းဆိုရတာပါ။ ဖမ်းဆီးရမိသူတွေရဲ့ ထွက်ချက်တွေကိုလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးက အရေးကြီးတယ်။ တည်ငြိမ်အေး ချမ်းမှုမရှိရင် ဘာမှဆက်လုပ်လို့မရပါဘူး။ ဘာလုပ်သင့်တယ်ဆိုတာ အစိုးရအနေနဲ့ ပိုသိပါတယ်။ ဖြစ်လာနိုင်ခြေ ရှိတဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေကိုလည်း ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ အမျိုးသားရေးအမြင်နဲ့ စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ နိုင်ငံအတွက် လိုအပ်လာပြီဆိုရင်လည်း ပြည်သူတွေနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်သွားဖို့ အသင့်ရှိနေပါတယ်။

Credit Popular News Journal


Leave a Reply