ဇီးကုန်းတွင် မာရသွန်ပြိုင်ပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ခိုင် ဖြိုးပါတီရုံးရှေ့တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မီတာ ၁ဝဝဝဝမာရသွန်      ပြိုင်ပွဲကျင်းပခဲ့သည်။

အဆိုပါ မာရသွန်ပြိုင်ပွဲကို တိုင်းပါတီကော်မတီဝင်ဦးသန်းဇော် ထွန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထူးခိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်ပြိုင်ပွဲဝင်မောင်မယ် ၃ဝ တို့တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းကော်မတီဝင် ဦးသန်းဇော်ထွန်းက မိမိတို့ပါတီမှ မာရသွန်ပြိုင်ပွဲ ကျင်းပရခြင်းအကြောင်းရှင်းလင်းပြီး လူငယ်ရေးရာ တာဝန်ခံဦးခင်ဝင်းက အားကစားစိတ်ဓာတ်ပြည့်ဝစွာဖြင့် ရိုးသားစွာ ယှဉ်ပြိုင်ကြရန်မှာကြားပြီးနောက် မွန်းလွဲ ၃နာရီခွဲတွင် ပြိုင်ပွဲစတင်ခဲ့ သည်။ ယင်းနောက်ဆုရရှိသော မောင်မယ်တို့အား တိုင်းကော်မတီဝင် ဦးသန်းဇော်ထွန်းနှင့် မြို့နယ်ပါတီဥက္ကဋ္ဌတို့ကဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးသစ္စာ(ဇီးကုန်း)