ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်တောင်သူလယ်သမားရေးရာတာဝန်ခံ ဟင်္သာတခရိုင်နှင့် မြို့ နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမား ရေးရာ တာဝန်ခံဦးအောင်တင်မြင့်သည် ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးကျော်ဝင်းနိုင်နှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီတွင် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး၌ ခရိုင်နှင့်မြို့နယ် ကော်မတီဝင်များကို တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် ဗဟိုအလုပ်အမှုဆောင်က ပါတီဌာနချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် စည်းရုံးရေးလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးသည်။ တိုင်း ဒေသကြီး    ပါတီကော်မတီဝင် ဦးကျော်ဝင်းနိုင်ကလည်း တိုင်းဒေသကြီးအတွင်း ပါတီစည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာတွေ့ဆုံပွဲ ကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ ခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဦးတို့က နယ်မြေအလိုက် ဆောင်ရွက်မှု အခြေအနေများကို တင်ပြသည်။ အလားတူ ခရိုင်နှင့်မြို့နယ်ကော်မတီဝင်များကလည်း မိမိတို့ နယ်မြေအလိုက် ကွင်းဆင်းစည်းရုံးဆောင်ရွက်မှုအခြေအနေများနှင့် သိရှိလိုသည်များကို မေး မြန်းမှုအပေါ် ဗဟို     အလုပ်အမှုဆောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

USA