ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားနှင့် အမျိုးသမီးရေးရာအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

 

ကနီ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ကနီမြို့နယ် လင်ပုန်း ရည်ကျေးရွာအုပ်စု ရပ်/ကျေး ပါတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင် နေ အိမ်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ် တင်ပွဲအခမ်းအနားနှင့် ပါတီဝင် များ၊ အမျိုးသမီးရေးရာအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ သည်။

ယင်းအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီတွင် စတင်ကျင်းပရာ ယင်းမာပင်ခရိုင်ပါတီ ကော်မတီ ဝင် ဦးချစ်မွှေး၊ ကနီမြို့နယ်ပါတီ နာယကဦးရှိန်၊ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ ပါတီအတွင်းရေးမှူး ဒေါ်မာမာဦး (အမျိုးသမီးတာဝန်ခံ)နှင့် မြို့ နယ် ပါတီကော်မတီဝင်များ၊ ရပ်ကျေး ပါတီဥက္ကဋ္ဌတို့က အမွှေးနံ့သာရည် များဖြင့်ပက်ဖျန်းပြီးပါတီဆိုင်းဘုတ် ကို ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ပါတီဥက္ကဋ္ဌ ဦးကျန်ထွန်းက တက်ရောက်လာ ကြသော ပါတီဝင်အင်အား ၆ဝ ခန့် ကို ပါတီဆိုင်းဘုတ်တင်ရခြင်းအား
ရှင်းလင်းပြီး ယခုလို အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပေး ကြသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ပါတီနာယကဦးရှိန်နှင့် အတွင်းရေးမှူးဒေါ်မာမာဦး (အမျိုးသမီးတာဝန်ခံ)တို့က လာမည့် ၂ဝ၂ဝပြည့်နှစ် ရွေးကောက်ပွဲ တွင် ပြည်သူများအနေဖြင့် မိမိတို့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်သည့် ပါတီနှင့် အရည်အချင်း ပြည့်ဝသော လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ပေးကြရန် လိုအပ်ကြောင်း ပြောကြားပြီး နံနက် ၉ နာရီခွဲတွင် အခမ်းအနား ပြီးစီးခဲ့သည်။

အောင်မျိုးထွန်း(ကနီလူငယ်)