ချောင်းဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်မိရပ်ဖ ရပ်/ကျေးပါတီဥက္ကဋ္ဌများ ကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ချောင်းဦး၊ မေ ၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယမန်နေ့နံနက် ၁ဝ နာရီက တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့် ရပ်မိ/ ရပ်ဖ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသောင်းထိုက်တို့က တွေ့ဆုံပွဲ ကျင်းပရခြင်းအကြောင်းနှင့် နိုင်ငံရေးအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ တက်ရောက်လာသူ ရပ်မိ/ရပ်ဖ များက မိမိတို့ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံရေးအခြေအနေများကို တစ်ဦးချင်းစီတင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက ပြန်လည်ရှင်းလင်းခဲ့သည်။

အခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးဥက္ကဋ္ဌ၊ ရပ်မိ/ရပ်ဖများ စုစုပေါင်း အင်အား ၅၅ ဦး တက်ရောက်သည်။ တွေ့ဆုံပွဲကို မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ရုပ်သိမ်းခဲ့သည်။