မင်္ဂတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အတွင်းရှိ ရပ်ကွက် ပါတီ ကော်မတီဝင် မိသားစုများအား ပညာရေးထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်

ရန်ကုန်။ ။ ဇူလှိင် (2)
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် ခရိုင် မင်္ဂလာတောင်ညွန့် မြိုနယ် ပြည်ထောင်စုခိုင်ရေးနှင့်ဖွံဖြိုးပါတီ မှ မြိုနယ်အတွင်းရှိ ရပ်ကွက် ပါတီကော်မတီဝင်များ ၏ကျောင်းနေအရွယ် သား/သမီးများအား ပညာ
ရေးအထောက်အပံ့ဖြစ်စေရန် အတွက် ဗလာစာအုပ်များနှင့် ထောက်ပံငွေများအား ပေးအပ်ပွဲအခမ်းအနားကို မင်္ဂလာတောင်ညွန့် မြိုနယ် သပြေကုန်း ရပ်ကွက်တွင် ယနေ့ (၂.၇.၂၀၂၃)ရက်နေ့ နေ့လည် (၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မြိုနယ်ပါတီအတွင်းရေးမှုး ဦးတင်ရှိန် မှ အမှာစကားပြောကြား ၍ တက်ရောက်လာကြသော မြိုနယ်ပါတီကော်မတီဝင်များမှရပ်ကွက် ကော်မတီဝင်များ၏ သား/သမီးများအားဗလာစာအုပ်များနှင့် ထောက်ပံငွေများ ပေးအပ်ခဲ့ကြပါသည်။
အခမ်းအနားသို မင်္ဂလာတောင်ညွန့် မြိုနယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှုးဦးတင်ရှိန်၊ဘဏ္ဍာရေးမှုး ဒေါ်နှင်းအိအိခင် နှင့်မြိုနယ်ကော်မတီဝင်များ၊ အနောက်ခြမ်းရပ်ကွက်များဖြစ်သော သိမ်ဖြူမီးရထား၊ကန်ရှေ့၊ ကန်နောက်၊ကန်တောင်၊ ကန်မြောက်၊ ဖ.ဆ.ပ.လ ၊ ဥယျဉ်ရပ်ကွက်များ ရှိ ရပ်ကွက်ပါတီကော်မတီဝင်များ ၊ ၎င်းတို၏ သား/သမီး ငယ်များ တက်ရောက်ကြကြောင်း သိရပါသည်။