ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းမှ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာတိမ်းရှောင်သူများအား ဆက်လက်ကူညီပံ့ပိုး

 

ရွှေပြည်တော်သို့ဆုံမှတ် ပရ ဟိတအသင်းမှဗဟိုအတွင်းရေးမှူး ဦးအောင်ပိုင်မင်းနှင့် အဖွဲ့ဝင်များ သည် ရခိုင်ပြည်နယ်ရှိနေရပ်စွန့်ခွာ တိမ်းရှောင်သူများ၏လိုအပ်လျက် ရှိသည်များကို ယခင်ကတည်းက လုပ်ဆောင်နေသော ကူညီပံ့ပိုးရေး လုပ်ငန်းများအား ဆက်လက်ကူညီ ပံ့ပိုးရန် ရခိုင်ပြည်နယ် စစ်တွေမြို့ သို့သွားရောက်ကာ ကူညီပံ့ပိုးရေး လုပ်ငန်းများအား ဆက်လက်လုပ်     ဆောင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပရဟိတအဖွဲ့နှင့်အတူ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများ၊ စစ်တွေခရိုင်ပါတီမှ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ စစ်တွေမြို့နယ်မှဥက္ကဋ္ဌနှင့် ကော်မတီဝင်များလည်း ပူးပေါင်းပါဝင်ကာ ယခုလ ၂၇ ရက်နှင့် ၂၈ ရက်က စစ်တွေမြို့ ပေါ် နေရပ်စွန့်ခွာတိမ်းရှောင်သူများ ယာယီတည်းခိုရာနေရာများသို့ သွားရောက်၍ ကူညီပံ့ပိုးမှုလုပ်ငန်းများအား လုပ်ဆောင်ခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။

ယင်းကဲ့သို့ ကူညီထောက်ပံ့ရေးအဖွဲ့သည် ပြည်တော်သာရပ်ကွက် ဆုတောင်းပြည့်ကျောင်းတိုက်မှ အိမ်ထောင်စု ၃၄ စု၊ လူဦးရေ ၁၁ဝ အတွက် ဆန်ငါးအိတ်၊ ဖိနပ်အရန် ၁ဝဝ နှင့် ကလေး ငယ်များအတွက် စားသောက်ဖွယ်ရာမုန့်များအားလည်းကောင်း၊ ပြည်တော်သာရပ်ကွက် ဗုဒ္ဓေါမော်ကျောင်းတိုက်မှ အိမ်ထောင်စု ၇ဝ ၊ လူဦးရေ ၁၉၈ ဦးအတွက် ဆန်ငါးအိတ်၊ ခြင်ထောင် ၃၇ လုံး၊ ဖိနပ်အရန် ၂ဝဝ အားလည်းကောင်း ကူညီထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြသည်။

”ပြည်ခိုင်ဖြိုးပါတီဆိုတာက မိမိတို့မြို့ပေါ်မှာ ဘယ်နေရာတွေမှာ ဘာစခန်းတွေရှိတယ်။ အင်အားက ဘယ်လောက်ရှိတယ်။ ဘာတွေလို အပ်ချက်ရှိတယ်ဆိုတာကို အချိန်နဲ့တစ်ပြေးညီ အစိုးရဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးတော့မှ ပါဝင်ကူညီဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ အတွက် သူတို့ပါတီအနေနဲ့ ကျွန်တော်တို့အဖွဲ့အပေါ်မှာ ပါဝင်ကူညီအား ဖြည့်တဲ့အဆင့်ပါ။ အရင်တစ်ခါ လာတုန်းကလည်း ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ကျွန်တော်တို့ကို နည်းလမ်းတွေပေးပြီး ပါဝင်အားဖြည့်ခဲ့တာဖြစ်ပါ တယ်။ အခုတစ်ခါမှာလည်း ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပါဝင်ကူညီတာ ပါ”ဟု ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းမှ ဗဟိုအတွင်းရေမှူး ဦးအောင်ပိုင်မင်းက ပြောသည်။
ယင်းနောက် အဆိုပါ ကူညီပံ့ပိုးရေးအဖွဲ့သည် ဘောလုံးကွင်းရပ် ကွက် ဓညဝတီအားကစားကွင်းသို့သွားရောက်ပြီး ယာယီတည်းခိုနေ ထိုင်လျက်ရှိကြသော ဟိန္ဒူလူမျိုးအိမ်ထောင်စု ၁၇ဝ၊ လူဦးရေ ၇၃၅ ဦးအတွက် ဆန်အိတ် ၃ဝ၊ ကျောင်းသားကျောင်းသူများအတွက် ဖိနပ် အရန် ၂ဝ နှင့် ကလေးငယ်များအတွက် စားဖွယ်ရာမုန့်များဝေငှပေးခဲ့ပြီး မွေးကင်းစကလေးငယ်များအား နို့ချိုတိုက်ကျွေးနိုင်ရန်အတွက် အလှူငွေ များအားလည်းကောင်း၊ ပြည်တော်သာရပ်ကွက် အောင်မြေကုန်းကျောင်း တိုက်မှ ရခိုင်တိုင်းရင်းသားအိမ်ထောင်စု ၃၅ စု၊ လူဦးရေ ၉၉ ဦးအတွက် ဆန်ငါးအိတ်၊ ကျောင်းသားကျောင်းသူများအတွက် ဖိနပ်အရန် ၂၉ ရန် နှင့် ကလေးငယ်များအား စားဖွယ်ရာမုန့်များ ဝေငှပေးခဲ့သည်။

ဆက်လက်၍ ၄င်းအဖွဲ့သည် ဒက္ခိဏရာမကျောင်းတိုက်၌ ယာယီ တည်းခိုနေထိုင်လျက်ရှိကြသော အိမ်ထောင်စု ၄၃ စု၊ လူဦးရေ ၁၂၈ဦး အတွက် ဆန်ငါးအိတ်၊ ဖိနပ်အရန် ၁ဝဝနှင့် မုန့်များအားလည်းကောင်း၊ စိတ္တသုခကျောင်းတိုက်မှ အိမ်ထောင်စု ၃၈ စု၊ လူဦးရေ ၁၂ဝ အတွက် ဆန်ငါးအိတ်နှင့် ဖိနပ်အရန် ၈ဝ အားလည်းကောင်း၊ ကျောင်းတက် လမ်းရပ်ကွက် မရာမာကြီးကျောင်းသစ်မှ မရာမာကြီး၊ ဒိုင်းနက်၊ သက် လူမျိုးများ အိမ်ထောင်စု ၉၇ စု၊ လူဦးရေ ၃၃၈ ဦးအတွက် ဆန် ၁၅ အိတ်၊ ဖိနပ်အရန် ၂ဝဝ၊ လူကြီးလူငယ်များဝတ်ဆင်ရန်အတွက် အဝတ် အထည်များ၊ ကလေးငယ်များအတွက် မုန့်များအားလည်းကောင်း၊ ထို့နောက် ရွှေစေတီကျောင်းမှ ကျောင်းသားကျောင်းသူ ၅၃ ဦးအတွက် ဆန်ငါးအိတ်၊ ဖိနပ်အရန် ၅၃ ရန်အားလည်းကောင်း၊ ဆတ်ရိုးကျရပ်ကွက် ရှိ အောင်ဓမ္မကမ္မဋ္ဌာန်းကျောင်းတိုက်၌ အိမ်ထောင်စု ၁၈စု၊ လူဦးရေ ၅၁ ဦးအတွက် ဆန်သုံးအိတ်၊ ဖိနပ်အရန် ၅၁ ရန်နှင့် ထောက်ပံ့ငွေကျပ် ၅ဝဝဝဝ အားလည်းကောင်း ကူညီပံ့ပိုးပေးအပ်လှူဒါန်းခဲ့ကြကြောင်းသိ ရသည်။

”ရွှေပြည်တော်ဆုံမှတ်အဖွဲ့က ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာ တိမ်း ရှောင်သူတွေဆီကို ကူညီထောက်ပံ့ပေးဖို့ ပထမတစ်ကြိမ်ရောက်လာတုန်း က ကျွန်တော်တို့နဲ့တိုင်ပင်ပြီးမှ ဘယ်လိုမျိုးအစီအစဉ်တွေနဲ့ ကူညီလုပ် ဆောင်သွားမလဲဆိုတာတွေကို ဆွေးနွေးကြပြီးတော့မှ ကျွန်တော်တို့ပါတီ အနေနဲ့လည်း သူတို့ရဲ့ကူညီထောက်ပံ့မှုတွေမှာ လိုအပ်သလို ကူညီအား ဖြည့်ဆောင်ရွက်ပေးသွားတာဖြစ်ပါတယ်။ အခုလည်း သူတို့ရဲ့ ကူညီပံ့ပိုး မှုမှာ ကျွန်တော်တို့ပါတီက တတ်နိုင်တဲ့လုပ်အားဒါန ပြုလုပ်ပေးတာပါ” ဟု ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးသန်းဝေက ပြောသည်။

နေချိုသွေး